တရုတ်တောင်ပိုင်းတွင် နှစ်စဉ်ကျင်းပသည့် ရိုးရာငါးဖမ်းပွဲတော်

October 5, 2016

တရုတ်တောင်ပိုင်းတွင် နှစ်စဉ်ကျင်းပသည့် ရိုးရာငါးဖမ်းပွဲတော် (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း ဂွေ့ကျိုးပြည်နယ်၊ ရှီဘင်ခရိုင်မှာ နှစ်စဉ်ကျင်းပတဲ့ ရိုးရာငါးဖမ်းပွဲတော်ကို အောက်တိုဘာ ၃ ရက်က ကျင်းပခဲ့ကြပြီး ဒေသခံတွေနဲ့ ရပ်ဝေးက လာရောက်သူတွေ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဂွေ့ကျိုးပြည်နယ်မှာ နေထိုင်ကြတဲ့ ဒေသခံ မြောင်လူမျိုးစုတွေရဲ့ ထုံးထမ်းအစဉ်အလာအရ နွေဦးရာသီမှာ ငါးသိုင်းသားပေါက်တွေကို လယ်ကွင်းထဲမှာ လွှတ်ပေးကြပြီး အခုလို ဆောင်းဦးရာသီ လွှတ်ထားတဲ့ငါးတွေ ကြီးလာတဲ့အချိန်မှာ တပျော်တပါး ဖမ်းဆီးကြတာပါ။ အခုတော့ ဒီရိုးရာအစဉ်အလာလည်း ဒေသဖွံ့ဖြိုးရေး ခရီးသွားအစီအစဉ်တခု ဖြစ်လာတာပါ။ ဒီပွဲတော်ကို စီစဉ်ကျင်းပသူတွေက အကျယ် ၆ ဒသမ ၇ ဟတ်တာရှိတဲ့ လယ်ကွင်းတွေထဲကို ငါးသိုင်းနဲ့ ငါးကြင်းသားပေါက် ကီလို ၁ သောင်း လွှတ်ပေးခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါကြောင့် အရှည် ၂ မီတာကျော်၊ အလေးချိန် ၅၀ ကီလိုကျော်တဲ့ ငါးကြင်းတွေလည်း ဖမ်းဆီးရမိတာ တွေ့မြင်ရပါတယ်။
5 years Ago
Up