တရုတ်ဈေးကွက်

August 26, 2018

တရုတ်ဈေးကွက် ဆုံးရှုံးမည်ကို အမေရိကန် ပဲပိစပ်စိုက်တောင်သူများ စိုးရိမ်

အမေရိကန် ပဲပိစပ်စိုက် တောင်သူတွေဟာ အစိုးရအမတော်ကြေး ထောက်ပံ့တာထက် ပဲပိစပ် အများဆုံးတင်ပို့တဲ့ တရုတ်ဈေးကွက်ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။ အမေရိကန်နိုင်ငံဟာ ပဲပိစပ် အဓိက ထုတ်လုပ်တင်ပို့ရာနိုင်ငံဖြစ်ပြီး အိုင်အိုဝါပြည်နယ်ဟာ နိုင်ငံမှာ ဒုတိယမြောက် ပဲပိစပ် အများဆုံး ထုတ်လုပ်ရာ ပြည်နယ်ဖြစ်ပါတယ်။ အရင်နှစ်တွေက အိုင်အိုဝါပြည်နယ်ထွက် ပဲပိစပ်တွေရဲ့  ၃၀ ရာခိုင်နှုန်းကျော်ကို တရုတ်ပြည် တင်ပို့တယ်လို့ သိရပါတယ်။ အမေရိကန် အစိုးရက ကုန်သွယ်ရေးပဋိပက္ခ စတင်လိုက်ကတည်းကစလို့ ပဲပိစပ်တင်ပို့မှု ထိခိုက်ခဲ့ပါတယ်။ ပဲပိစပ်တင်ပို့မှု အထိနာခဲ့တဲ့အတွက် ဒီနှစ်အစောပိုင်းမှာ ပဲပိစပ်ဈေး ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့တယ်လို့လည်း အမေရိကန် ပဲပိစပ်စိုက်တောင်သူတဦးက ပြောပါတယ်။ အဆိုပါ တောင်သူက ဒီနှစ်အဖို့ ပဲပိစပ်ဈေး ထပ်ကျမယ်ဆိုရင် နောက်နှစ်မှာ သူ့အနေနဲ့ ပဲပိစပ်ပင်ကို လျှော့စိုက်ပြီး တခြားသီးနှံပြောင်းစိုက်မယ်လို့ ပြောခဲ့ပါတယ်။
3 years Ago

December 22, 2016

တရုတ်ဈေးကွက်သို့ မြန်မာ့ဆန် တင်ပို့မှုလျော့ကျ

  အခုနှစ်မှာ မြန်မာ့ဆန်ကို တရုတ်နိုင်ငံ ဈေးကွက်ကို တင်ပို့မှုလျော့ကျသွားတဲ့အတွက် ပြီးခဲ့တဲ့နှစ် ပြည်ပဆန်ပို့မှု ပမာဏနဲ့ နှိုင်းယှဉ်ရင်  ဆန်တန်ချိန် ၅ သိန်းခန့် လျော့ကျသွားတယ်လို့  မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်းက သတင်း ရရှိပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ပြည်ပကို ဆန်တန်ချိန် ၉ သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ဆန်တန်ချိန် ၄ သိန်းကျော်သာ တင်ပို့ထားနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။ အခုနှစ် နိုဝင်ဘာလ အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မူဆယ်နယ်စပ် ဆန်တင်ပို့မှုကို ရပ်နားထားရ တယ်လို့ ဆိုပါတယ်။ သတင်း - AMIA
5 years Ago
Up