တရုတ်နိုင်ငံ၊ ဟန်နန်းပြည်နယ်၊ ဂျောင်းဆိုးမြို့က အလယ်တန်းကျောင်းတခုမှာ ဆယ်ကျော်သက်ကျောင်းသူလေးကို အမှိုက်ပုံထဲခေါင်းနှစ်အနိုင်ကျင့်တဲ့ ဗွီဒီယို ဖိုင်ဟာ အွန်လိုင်းပေါ်ပျံ့နှံ့နေပါတယ်။
ဝမ်အမည်ရတဲ့ကျောင်းသူက ဘီယန်အမည်ရတဲ့ တခြားကျောင်းသူတဦးကို အော်ဟစ်ကြိမ်းမောင်းပြီး အမှိုက်ပုံးထဲက တုတ်ထိုးသကြားလုံးကိုသူ့ပါးစပ်နဲ့ ပြန် ကောက်ယူခိုင်းတာကို အောက်တိုဘာ ၁၅ ရက်နေ့ စီစီတီဗွီသတင်း ဗွီဒီယိုဖိုင်ထဲမှာ ဖော်ပြထားပါတယ်။
ကျောင်းသူဘီယန်ဟာ အမှိုက်ပုံးထဲကို ခေါင်းနှစ်လိုက်ပြန်ဆွဲတင်လိုက် အကြိမ် ကြိမ်ခံရပြီး ၀မ်ရဲ့ ဆဲဆိုကြိမ်းမောင်းပြီး ထိုးနှက်ကန်ကြောက်မှုတွေကိုလည်း ခံခဲ့ရတာပါ။
အွန်လိုင်းအသုံးပြုသူတွေအများစုက ၀မ်အမည်ရတဲ့ ကျောင်းသူရဲ့ အပြုအမူကို အံ့သြပြီး ဒေါသထွက်နေကြပြီး တချို့ကတော့ ဒါဟာ အကျင့်စာရိတ္တနိမ့်ပါးတဲ့ အပြုအမူ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
ကျောင်းအုပ်ကြီးကတော့ ၀မ်ဟာ အကြိမ်ကြိမ်အပြစ်ပေးမှုခံရမှာဖြစ်ပြီး မိန်းကလေး ၂ ယောက်လုံးရဲ့ မိဘတွေကို တွေ့ဆုံညှိနှိုင်းဖို့ ခေါ်ထားတယ်လို့ ပြောပါတယ်။
5 years Ago