တရုတ်ကျောင်းသူကို စကိတ်စီးကျောင်းသားတစုက အုပ်စုဖွဲ့အနိုင်ကျင့်(ရုပ်သံ)

A d v e r t i s e m e n t With Us

April 3, 2016

တရုတ်ကျောင်းသူကို စကိတ်စီးကျောင်းသားတစုက အုပ်စုဖွဲ့အနိုင်ကျင့်(ရုပ်သံ)

တရုတ်နိုင်ငံ၊ ရှန်ဇီခရိုင်၊ ယုလင်မြို့က ကျောင်းတကျောင်းအနီးလမ်းမပေါ်မှာ မကြာသေး ခင်က ကျောင်းသူတဦးကို တခြားကျောင်းသားတစုက လမ်းမပေါ် အုပ်စုဖွဲ့အနိုင်ကျင့်မှုဖြစ် ခဲ့တယ်လို့ စီိစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ကြာမြင့်ချိန် ၅ မိနစ်ရှိတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ မတ်လ ၃၀ ရက်နေ့က အင်တာ နက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ချိန်မှာတော့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ ရိုလာစကိတ်တွေစီးလာတဲ့ ကျောင်းသား/ကျောင်းသူ ၁၀ ယောက်လောက်ဟာ ကျောင်းသူ မိန်းကလေးကို ထိုးနှက်ကန်ကျောက်ရိုက်နှက်ခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီကျောင်းသား/ကျောင်းသူတွေဟာ ၁၀ ကြိမ်ထက်မနည်း ထိုးနှက်ကန်ကျောက်ခဲ့ကြတာကို အနီးနားမှာရှိတဲ့သူတွေက အနိုင်ကျင့်နေကြတဲ့ ကျောင်းသားတွေကို တားမြစ်ဖို့မကြိုးစားကြပဲ ကြည့်နေခဲ့ကြတာပါ။ ဒေသတွင်းရဲအရာရှိတွေက ဒီကိစ္စကို ခရိုင်ပညာရေးဗျုရိုနဲ့ပူးပေါင်းပြီး စုံစမ်းဖော် ထုတ်ခဲ့ချိန်မှာ အုပ်စုဖွဲ့အနိုင်ကျင့်ခဲ့ကြတဲ့ ကျောင်းသားတွေဟာ ယွမ်ဇူးအထက်တန်း ကျောင်းမှဖြစ်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်အရ အပြစ်ပေးမှုတွေလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ကျောင်းတွင်းအုပ်စုဖွဲ့အနိုင်ကျင့်မှုတွေဟာ တရုတ်နိုင်ငံမှာ ခုနှစ်ပိုင်းတွေမှာ မ ကြာခဏတွေ့လာရတာဖြစ်ပါတယ်။ ရှန်ဇီခရိုင်မှာ အခုဖြစ်ပွားခဲ့တဲ့အမှုဟာ ပထမဆုံးမဟုတ်ပေမယ့် အနိုင်ကျင့်သူအ များစုပါဝင်နေတာကို ဖော်ပြနေတယ်လို့ သတင်းက ဆိုပါတယ်။ ပညာရေးဝန်ကြီးဌာန ၀န်ကြီး ယွမ်ဂွီယန်က ကျောင်းအများစုမှာ ဖြစ်နေတဲ့ အုပ်စု ဖွဲ့အနိုင်ကျင့်မှုတွေကြောင့် ကျောင်းသားတွေရဲ့ လုံခြုံမှုဟာ အရေးအကြီးဆုံး ကိစ္စရပ်တ ခုဖြစ်လာတယ်လို့ ပြောပါတယ်။ ရုပ်သံအစီအစဉ်တွေ၊ ရုပ်ရှင်နဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ ဖော်ပြထားမှုတွေအ ရ အုပ်စုဖွဲ့အနိုင်ကျင့်မှုတွေဟာ ဆယ်ကျော်သက်အရွယ်ကျောင်းသားကျောင်းသူတွေ မှာ အကြမ်းဖက်ခံရတာတွေပိုများတယ်လို့ သတင်းက ဆိုပါတယ်။
5 years Ago
Up