တရုတ်ကျောက်မီးသွေးမိုင်း

February 15, 2017

တရုတ်ကျောက်မီးသွေးမိုင်း ပေါက်ကွဲ၊ ၈ ဦးသေ၊ ၂ ဦးပျောက်ဆုံး (ရုပ်သံ)

တရုတ်နိုင်ငံ ဟူနန်ခရိုင် လော်ဒီမြို့က ကျောက်မီးသွေးမိုင်းမှာ ဖေဖော်ဝါရီ ၁၄ ရက်က ပေါက်ကွဲမှုဖြစ်တာကြောင့် လူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေပါတယ်။ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီကျော်လောက်က လော်ဒီမြို့ ဇူဘောက် ကျောက်မီးသွေးမိုင်းမှာ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း တရုတ်အစိုးရ ရုပ်သံဌာန စီစီတီဗွီကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ မြေအောက်မိုင်းတွင်းထဲမှာ စုစုပေါင်း အလုပ်သမား ၂၉ ဦး အလုပ်လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သိရပါတယ်။ ဒဏ်ရာအပြင်းအထန်ရရှိတဲ့ အသက် ၅၀ အရွယ် အလုပ်သမားတဦးကို အရေးပေါ် ကယ်ထုတ်လာပုံကို စီစီတီဗွီက ထုတ်လွှင့်ပြသခဲ့ပြီး သူ့ကို အနီးဆုံးဆေးရုံဆီ ပို့ခဲ့ပါတယ်။ တရုတ်မိုင်းလုပ်ငန်းဟာ အလုပ်သမားတွေ အသက်အန္တရာယ်လုံခြုံရေး အခြေအနေနဲ့ ပတ်သက်ပြီး စံချိန်စံညွန်း ပြည့်မီခြင်း မရှိတာကြောင့် ကမ္ဘာ့လူသေဆုံး၊ ထိခိုက်မှုအများဆုံး မိုင်းလုပ်ငန်းဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up