တရုတ်ကောင်စစ်ဝန်ရုံး

August 2, 2017

လော့စ်အိန်ဂျလိစ်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို သေနတ်သမား ပစ်ခတ်

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က တရုတ်ကောင်စစ်ဝန်ရုံးမှာ သြဂုတ် ၂ ရက်က လူတဦး သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး သူ့ကိုယ်သူလည်း ပြန်လည်ပစ်ခတ် သေဆုံးသွားပါတယ်။ ကောင်စစ်ဝန်ရုံးမဖွင့်ခင် ဒေသစံတော်ချိန် မနက် ၆ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တခြားလူတွေတော့ ဒဏ်ရာရတာ မရှိဘူးလို့ လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့က ရဲအရာရှိ မိုက်ကယ်လိုပက်ဇ်က ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်သူဟာ သူ့ကိုယ်သူ ပြန်ပစ်ထားတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ရဲက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ ကောင်စစ်ဝန်ရုံး ကာကွယ်ရေးအတွက် လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေ လုပ်ဆောင်ဖို့ တရုတ်ကောင်စစ်ဝန်ရုံးက ထုတ်ပြန်ထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပစ်ခတ်သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ချက်ချင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ ၂၀၁၁ ခုနှစ်ကလည်း တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသားတဦးဟာ အခု ကောင်စစ်ဝန်ရုံးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ဖူးပြီး ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။
4 years Ago
Up