တရုတ်အမြွှာညီအမ

August 29, 2018

အာရှအားကစားပြိုင်ပွဲ နှစ်ယောက်တွဲ အလှရေကူးတွင် တရုတ်အမြွှာညီအမ ရွှေဆုဆွတ်ခူး

တရုတ်ရေကူးအားကစားမယ် အမြွှာညီအမနှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲရဲ့ နှစ်ယောက်တွဲ အလှရေကူးပြိုင်ပွဲ နောက်ဆုံးအဆင့်မှာ အနိုင်ရပြီး ရွှေတံဆိပ်ဆု ရရှိသွားပါတယ်။ ထင်းထင်နဲ့ ဝမ်းဝမ်တို့ အမြွှာညီအစ်မဟာ အာရှအာကစားပြိုင်ပွဲမှာ ဝင်ပြိုင်တာ အခုတကြိမ်နဲ့ဆိုရင် ၃ ကြိမ် ရှိသွားပါပြီ။ ၃ ကြိမ်စလုံးမှာ ရွှေတံဆိပ်ဆုတွေ ရထားပြီး ရွှေတံဆိပ် စုစုပေါင်း ခြောက်ခု ရရှိထားပါတယ်။
3 years Ago
Up