တရုတ်အဝေးပြေးလမ်းပေါ် ထရပ်ကားတစီး ပေါက်ကွဲ (ရုပ်သံ)

A d v e r t i s e m e n t With Us

March 20, 2016

တရုတ်အဝေးပြေးလမ်းပေါ် ထရပ်ကားတစီး ပေါက်ကွဲ (ရုပ်သံ)

တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူနန် ပြည်နယ်ထဲမှာ မတ် ၁၉ ရက်နေ့က အဝေးပြေးလမ်းပေါ် ထရပ်ကားတစီး ပေါက်ကွဲမှု ဖြစ်ပြီး လူ ၅ ယောက်သေဆုံး၊ ၂၀ ဒဏ်ရာရရှိသွားပါတယ်။ မီးလောင်လွယ်တဲ့ ဓာတုပစ္စည်းတွေကို တင်ဆောင်ထားပုံရတဲ့ ထရပ်ကားဟာ ဘေဂျင်၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းပေါ်မှာ မတ် ၁၉ ရက်နေ့ ဒေသစံတော်ချိန် ည ၈ နာရီ ၄၀ လောက်မှာ ပေါက်ကွဲခဲ့တာပါ။ ထရပ်ကားရဲ့ ပေါက်ကွဲမှု အရှိန်ကြောင့် လမ်းပေါ်က တခြားကား တဒါဇင်လောက်လည်း ပျက်စီးသွားတယ်လို့ ယာဉ်ထိန်းဌာနက ပြောပါတယ်။ မီးလုံးကြီး ပေါက်ကွဲထွက်လာပြီး ဘေးချင်း ယှဉ်ရပ်ထားတဲ့ ကားတွေ လွင့်စဉ်ထွက်ကုန်တယ်လို့ မျက်မြင်တဦးက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၄ ဦးရဲ့ အခြေအနေက စိုးရိမ်ရပါတယ်။
5 years Ago
Up