တရုတ်အဝေးပြေးလမ်းပေါ်တွင် ကားတိုက်မှုဖြစ်၊ အနည်းဆုံး ၃၆ ဦး သေဆုံး

A d v e r t i s e m e n t With Us

August 11, 2017

တရုတ်အဝေးပြေးလမ်းပေါ်တွင် ကားတိုက်မှုဖြစ်၊ အနည်းဆုံး ၃၆ ဦး သေဆုံး

တရုတ်နိုင်ငံ  အနောက်မြောက်ပိုင်း ရှန်ရှီးပြည်နယ်က အဝေးပြေးကားလမ်းပေါ်မှာ ကားတိုက်မှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၃၆ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိသွားပါတယ်။ ခရီးသည်တင်ဘတ်စ်ကားဟာ ရှန်ရှီးပြည်နယ်က ရှီအန်း-ဟန်ကျိုး အဝေးပြေးကားလမ်းပေါ်က မြေအောက်လိုဏ်ခေါင်း နံရံကို ည ၁၁ နာရီခွဲလောက်က ဝင်တိုက်မိတာဖြစ်တယ်လို့ ရှန်ရှီးပြည်နယ် ပြည်သူ့လုံခြုံရေဌာနက ပြောပါတယ်။ အဲဒီ ခရီးသည်တင်ဘတ်စ်ကားဟာ တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရဲ့ မြို့တော် ချန်ဒူကနေ တရုတ်နိုင်ငံအလယ်ပိုင်း ဟွန်းနန်ပြည်နယ် လျိုယန်မြို့ကို သွားရောက်တာဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံ အမြန်ဆုံး ပို့ဆောင်ထားပြီး ယာဉ်မတော်တဆဖြစ်ခဲ့တဲ့ လမ်းတစိတ်တပိုင်းကို ယာယီပိတ်ထားပါတယ်။ ယာဉ်မတော်တဆဖြစ်ရတဲ့ အကြာင်းရင်းကိုတော့ မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up