တရုတ်အရှေ့ပိုင်း မြေပြိုကျ၊ အနည်းဆုံးလူ ၃၄ ဦး ပျောက်ဆုံးနေ (ရုပ်သံ)

A d v e r t i s e m e n t With Us

May 8, 2016

တရုတ်အရှေ့ပိုင်း မြေပြိုကျ၊ အနည်းဆုံးလူ ၃၄ ဦး ပျောက်ဆုံးနေ (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ဒီကနေ့မနက် အစောပိုင်းက မြေပြိုကျမှုဖြစ်ခဲ့ပြီး လူတွေ ဒါဇင်နဲ့ချီပျောက်ဆုံး နစ်မြုပ်ခဲ့ရတဲ့အတွက် အမြန်ဆုံးကယ်တင်နိုင်ဖို့ သမ္မတ ရှီကျင်းပင်က တိုက်တွန်းလိုက်ပါတယ်။ ဖူဂျီယန်ခရိုင်၊ တီနင်းစီရင်စုနယ်မြေထဲက ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေး စီမံကိန်းနေရာအနီးမှာ မြေပြိုကျခဲ့တာဖြစ်ပြီး အလုပ်သမားတွေနဲ့ နေအိမ်တွေဟာ ရွှံ့နွံတွေအောက်ကို ရောက်ရှိသွားခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ နေ့လယ်ပိုင်းမှာတော့ ရွှံ့နွံတွေအောက်ရောက်သွားခဲ့တဲ့ အလုပ်သမား ၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် အနည်းဆုံးလူ ၃၄ ဦး ပျောက်ဆုံးနေသေးတယ်လို့ ဆိုပါတယ်။ ဒေသတွင်းအာဏာပိုင်တွေကတော့ ဒါဟာ မကြာသေးခင်က မိုးသည်းထန်စွာရွာ သွန်းခဲ့လို့ ဖြစ်ကြောင်း ပြောပါတယ်။ လက်ရှိမှာတော့ ပျောက်ဆုံးနေတဲ့ တခြားသူတွေကို ဆက်လက်ရှာဖွေပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတာပါ။ တရုတ်နိုင်ငံ အမျိုးသားမိုးလေ၀သဗဟိုဌာနက နိုင်ငံတောင်ပိုင်းမှာ ဖြစ်လာနိုင်ချေရှိတဲ့ မိုးမုန်တိုင်းတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အပြာရောင်အဆင့်လို့ သတ်မှတ်ထားခဲ့တာပါ။ ဒီကနေ့မှာတော့ နိုင်ငံတွင်းခရိုင်တွေဖြစ်တဲ့ စီချွမ်၊ ဟူဘေ။ ဂွီကျိုး၊ ဟူနန်၊ ဇီ ကျန်း၊ ကျန်ဇီနဲ့ ဖူဂျီယန်ခရိုင်တွေမှာ မိုးဆက်ပြီး ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားတာပါ။ ဒီခရိုင်တွေထဲက နေရာအများစုမှာ မုန်တိုင်းတွေ၊ လေပြင်းတိုက်ခတ်တာတွေဖြစ် နိုင်တယ်လို့ မိုးလေ၀သဌာန တရားဝင် အင်တာနက်စာမျက်နှာပေါ်မှာ ကြေညာချက်တ စောင် ထုတ်ပြန်ထားပါတယ်။ လေ့လာစောင့်ကြည့်ရေးစင်တာမှ မိုးလေ၀သပညာရှင်တွေက ခုသီတင်းပါတ်အဆုံးမှာ စုစုပေါင်းမိုးရေချိန်ဟာ ၉၀ မီလီမီတာထိ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
5 years Ago
Up