တရုတ်အနောက်မြောက်ပိုင်းတွင် ရေကြီး၊ အနည်းဆုံး လူ ၆ ဦး သေဆုံး

December 28, 2017

တရုတ်အနောက်မြောက်ပိုင်းတွင် အအေးပြင်းထန်ပြီး နှင်းများ ထူထပ်စွာကျဆင်း

ဒီနှစ်ဆောင်းရာသီအတွင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန့် ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အအေးအပြင်းထန်ဆုံးဖြစ်ပြီး နှင်းထူထပ်စွာကျဆင်းကာ လေပြင်းတွေ တိုက်ခတ်နေပါတယ်။ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းမှာ နှင်းထူထပ်စွာ ကျဆင်းခဲ့ပြီး မြို့ပြဒေသမှာ နှင်းထု ၁၂ မီလီမီတာအထိ ကျဆင်းလိမ့်မယ်လို့ မြို့တော် လမ်ချီ မိုးလေဝသဌာနက ဆိုပါတယ်။ မြို့တော်လမ်ချီမှာ ဝန်ထမ်းအင်အား ၂ သောင်း ၅ ထောင်ကျော်နဲ့ စက်ယန္တရား ၁၀၀၀ ကျော် အသုံးပြုပြီး နှင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာလည်း ယာဉ်သွားယာဉ်လာ ချောမွေ့စေရေးအတွက် ကူညီဆောင်ရွက်ပေးနေပါတယ်။ ရှင်းကျန့်ဒေသတောင်ပိုင်းမှာ လေပြင်းတွေ တိုက်ခတ်နေတဲ့အတွက် ခရီးသည်တင်ရထား ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားပါတယ်။ နှင်းမုန်တိုင်းတွေ တိုက်ခိုက်နေတာကြောင့် အိုင်မင်ကောင်တီရှိ လမ်းအတော်များများ ရှေ့မြင်ကွင်း ၅ မီတာအောက်ကိုသာ မြင်တွေ့ရပါတယ်။ ရှင်းကျန့်မြောက်ပိုင်း တချို့တောင်ပေါ်ဒေသတွေမှာ အပူချိန် အနုတ် ၃၄ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းနိုင်ကြောင်း ဒေသ မိုးလေဝသဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

July 28, 2017

တရုတ်အနောက်မြောက်ပိုင်းတွင် ရေကြီး၊ အနည်းဆုံး လူ ၆ ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဇီးပြည်နယ်မှာ ရေကြီးတာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ပျောက်ဆုံးနေတယ်လို့ ဇူလိုင် ၂၇ ရက်နေ့မှာ ဒေသတွင်း မီဒီယာက ပြောကြားခဲ့ပါတယ်။ ကနဦး ကိန်းဂဏန်းတွေအရ လူပေါင်း ၇ သောင်းကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့တယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။ လာမယ့် ဇူလိုင် ၂၉ ရက်နေ့အထိ မိုးဆက်လက် ရွာသွန်းလိမ့်မယ်လို့ ပြည်နယ်မိုးလေဝသ ဌာနကို ကိုးကားပြီး စီစီတီဗွီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
4 years Ago
Up