တရုတ်အနောက်မြောက်ပိုင်းတွင် မိုးသည်းပြီး ရေကြီး၊ လူ ၇ ဦး သေဆုံး

A d v e r t i s e m e n t With Us

August 18, 2016

တရုတ်အနောက်မြောက်ပိုင်းတွင် မိုးသည်းပြီး ရေကြီး၊ လူ ၇ ဦး သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းရှီးပြည်နယ်မှာ မိုးသည်းပြီး ရုတ်တရက် ရေကြီးခဲ့လို့ လူ ၇ ဦး သေဆုံးခဲ့သလို ကားအတော်များများလည်း ရေစီးနဲ့ မျောပါသွားခဲ့ပါတယ်။ မြစ် ၂ ခုက ရေတွေ ကမ်းပါးပေါ် ကျော်လွန် စီးထွက်ခဲ့လို့ သြဂုတ် ၁၅ ရက် ည ၈ နာရီလောက်မှာ အန်းစိုင်မြို့နယ် ယန်အန်းမြို့မှာ ရေကြီးခဲ့တာပါ။ အဝေးပြေးလမ်း အမှတ် ၃၀၃ မှာ ရေစီးကြောင့် ကား ၅ စီး မျောပါသွားခဲ့ပြီး ကား ၂ စီးထဲက ခရီးသည်တွေက လွတ်အောင် ကြိုးစားနိုင်ခဲ့တယ်လို့ ရဲက ပြောပါတယ်။ တခြား ကား ၃ စီးထဲက ခရီးသည် ၇ ဦးရဲ့ အလောင်းကိုတော့ သြဂုတ် ၁၆ ရက် မနက်မှာ မြစ်ထဲကနေ ပြန်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးသမား အယောက် ၄၀၀ ကျော်က ကျန်ခဲ့တဲ့ ၂ ရက်အတွင်း ကယ်ဆယ်ရေး လှုပ်ရှား ဆောင်ရွက်ခဲ့တယ်၊ ၅ နှစ်သား ကလေးတဦး ပျောက်နေပြီး သူ့ကို ဆက်ရှာနေတယ်လို့ ယန်အန်းမြို့ အာဏာပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။
5 years Ago
Up