တရုတ်အနောက်တောင်ပိုင်းကို သဲမုန်တိုင်းကြီး ၀င်မွှေ (ရုပ်သံ)

April 16, 2016

တရုတ်အနောက်တောင်ပိုင်းကို သဲမုန်တိုင်းကြီး ၀င်မွှေ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂန်ဆု ခရိုင်ထဲမှာ ဧပြီ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက သဲမုန်တိုင်း တိုက်ခတ်သွားပါတယ်။ မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ သဲမုန်တိုင်း နံရံရဲ့အမြင့်ဟာ ငါးထပ် အဆောက်အအုံထက် သုံးဆလောက် ပိုမြင့်ပါတယ်။ ဆယ်မိနစ်လောက် အတွင်းမှာပဲ ဂွါဇူး နယ်မြေတခုလုံး သဲမုန်တိုင်း ဖုံးလွှမ်းတာကို ခံလိုက်ရပါတယ်။ သဲမုန်တိုင်းဟာ တနာရီကို ၇၅ ကီလိုမီတာ နှုန်းရှိပြီး ကီလိုမီတာ ၆၀၀ ထက် ပိုဝေးတဲ့ နေရာတွေကို မမြင်တော့အောင် ဖုံးလွှမ်းသွားပါတယ်။ သဲမုန်တိုင်းကြောင့် အဝေးပြေးလမ်းပေါ်မှာလည်း ယာဉ်မောင်းတွေကို အမြင်ေ၀၀ါးစေပြီး ကားငါးစီး ဆင့်တိုက်မှု ဖြစ်ခဲ့ပါတယ်။ လူတယောက် ဒဏ်ရာရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီနောက် မိုးသက်မုန်တိုင်း ကျရောက်ပြီး ကောင်းကင် ပြန်လည် ကြည်လင်သွားပါတယ်။  
6 years Ago
Up