တရုတ်အနောက်တောင်ပိုင်း မိုးသီးကြွေကျ၊ လူနေအိမ်နှင့် စိုက်ခင်းများ ပျက်စီး

A d v e r t i s e m e n t With Us

April 4, 2016

တရုတ်အနောက်တောင်ပိုင်း မိုးသီးကြွေကျ၊ လူနေအိမ်နှင့် စိုက်ခင်းများ ပျက်စီး (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ဂွီကျိုးခရိုင်၊ ယူကျင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက် ညနေပိုင်းက မိုးသီးတွေ ကြွေကျခဲ့လို့ လူနေအိမ်တွေ၊ ယာဉ်တွေနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ မိုးလေ၀သနဲ့ ဇလဗေဒ မှတ်တမ်းတွေအရ အခုကြွေကျခဲ့တဲ့ မိုးသီးတွေဟာ ကြက်ဥလုံးအရွယ် အချင်း ၄ စင်တီမီတာရှိကာ ဒီဒေသမှာ ၁၉၅၉ ခုနှစ်တည်းကစရင် အဆိုးဝါးဆုံး မြင်တွေ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်း မိုးလေ၀သနဲ့ ဇလဗေဒဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဂွမ်ကျိုးခရိုင်အနီး တခြား အိမ်နီးချင်းမြို့တွေနဲ့ ခရိုင်တချို့မှာလည်း မိုးသီးကြွေကျပြီး မိုးထစ်ချုန်းမှုတွေ၊ မုန်တိုင်းတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
5 years Ago
Up