တရုတ်အနောက်ပိုင်း ထိတ်လန့်ဖွယ် သဲမုန်တိုင်းကြီး တိုက်ခတ် (ရုပ်သံ)

May 18, 2016

တရုတ်အနောက်ပိုင်း ထိတ်လန့်ဖွယ် သဲမုန်တိုင်းကြီး တိုက်ခတ် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှီကျန်းခရိုင်၊ ကက်ရှ်ဂါ စီရင်စုနယ်မြေထဲမှာ မေလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ထိတ်လန့်ကြောက်မက်ဖွယ် သဲမုန်တိုင်းကြီး တိုက်ခဲ့ပါတယ်။ နေ့အချိန်တိုက်ခတ်တဲ့ ဒီသဲမုန်တိုင်းဟာ နာရီအတော်ကြာ တိုက်ခတ်နေခဲ့တာဖြစ်ပြီး လေထဲမှာ လွင့်ပျံ့နေတဲ့ သဲတွေဟာ အရာရာကို ၀ါးမျိုတော့မတတ် အင်အားပြင်းပြင်းနဲ့ တိုက်ခတ်နေခဲ့တာပါ။ စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သဲမုန်တိုင်းကို ၁ မီတာ အကွာလောက်ကနေ နီးနီးကပ်ကပ် ရိုက်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လမ်းမပေါ်က ယာဉ်တွေဟာ ဘေးကင်းစေဖို့အတွက် ယာဉ်မီးတွေဖွင့်ကာ ဖြည်းဖြည်းပဲ မောင်းနှင်သွားခဲ့ကြရတာလို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up