တရုတ်အိုဘားမား

September 22, 2015

ရုပ်ရှင်ဇာတ်ကားသစ် ထပ်ရိုက်နေသည့် တရုတ် အိုဘားမား (ရုပ်သံ)

အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ ၀ါရှင်တန်မှာတွေ့ဖို့ ကြိုးစားနေချိန်မှာ တရုတ်နိုင်ငံ ဂွမ်ဇူးမြို့က သမ္မတ အိုဘားမား နဲ့ တူတဲ့ သရုပ်ဆောင် ရှောင်ဂျီက လူဆိုးဂိုဏ်းဝင်တဦးအဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားတခုမှာ သရုပ်ဆောင်ပြီး အောင်မြင်မှုရဖို့ ကြိုးစားနေပါတယ်။ ဒီနှစ် တရုတ် ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ အသက် ၂၉ နှစ်အရွယ် ရှောင်က သရုပ်ဆောင်ခဲ့ပါတယ်။ အခုနောက်ဆုံး ရိုက်ကူးနေတဲ့ ဟာသ ဟူဘောင်ဇာတ်ကားမှာ သူက လူဆိုးဂိုဏ်းဝင်တဦး အဖြစ် သရုပ်ဆောင်ထားပါတယ်။ လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားဟာ ယွမ် ၅ သန်း အသုံးပြုထားပြီး လာမယ့် နွေရာသီမှာ ပြသမှာ ဖြစ်ပါတယ်။ အိုဘားမားနဲ့ ရှောင်က အသားအရေသာ မကပါဘူး၊ ရှောင့် မွေးနေ့ကလည်း အိုဘားမားနဲ့ တရက်ပဲ ကွာသလို သွေးအမျိုးအစားကလည်း တူနေပါတယ်။ ရှောင်က စက်ရုံအလုပ်သမား၊ လုံခြုံရေးအစောင့် စတဲ့ အလုပ်မျိုးစုံ လုပ်ဖူးပြီးမှ သရုပ်ဆောင်တဦး ဖြစ်လာတာ ဖြစ်ပါတယ်။ ရှောင်ရဲ့ အင်္ဂလိပ်စကားပြော မကောင်းပေမယ့် အိုဘားမားပုံစံကို သူက တုပခဲ့ပြီး မိန့်ခွန်းပြောတာတွေ အားလုံး လိုက်လံတုပခဲ့ပါတယ်။
6 years Ago
Up