တရုတ်အလယ်ပိုင်း ကျောက်မီးသွေးမိုင်းတခုတွင် ဓာတ်ငွေ့ပေါက်ကွဲ၊ ၇ ဦးသေဆုံး

December 7, 2016

တရုတ်အလယ်ပိုင်း ကျောက်မီးသွေးမိုင်းတခုတွင် ဓာတ်ငွေ့ပေါက်ကွဲ၊ ၇ ဦးသေဆုံး

တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘိုင်းခရိုင် ကျောက်မီးသွေးမိုင်းတခုမှာ ဒီဇင်ဘာ ၅ ရက်နေ့က ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း တရုတ်အစိုးရရုပ်သံဌာန စီစီတီဗွီကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၅ ရက် ဒေသစံတော်ချိန် ညနေ ၇ နာရီ ၁၅ မိနစ်အချိန်က မြေအောက်မိုင်းတွင်းထဲမှာ အလုပ်သမား ၁၆ ဦး အလုပ်လုပ်နေစဉ် ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အလုပ်သမား ၅ ဦးသာ လွတ်မြောက်လာကာ ၁၁ ဦးကတော့ ပိတ်မိနေခဲ့ပါတယ်။ အဲဒီအထဲကမှ ၇ ဦးရဲ့ ရုပ်အလောင်းတွေကို နောက်တနေ့မနက် ၉ နာရီခွဲမှာ ရှာဖွေတွေ့ရှိထားပြီး အခုချိန်ထိ ၄ ဦး ပျောက်ဆဲနေဆဲဖြစ်ကြောင်း စီစီတီဗွီကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up