တရုတ်အပန်းဖြေစခန်း

June 17, 2018

တရုတ်အပန်းဖြေစခန်းတွင် မျက်နှာကြက် ပြိုကျ၊ ကမ္ဘာလှည့်ခရီးသည် ၉ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းရှီးပြည်နယ် ဟွာရင်မြို့က ရှုခင်းသာ အပန်းဖြေစခန်းမှာ မျက်နှာကြက် အဆင်တန်ဆာတခု ရုတ်တရက် ပြိုကျခဲ့လို့ ဇွန်လ ၁၆ ရက်နေ့က ကမ္ဘာလှည့် ခရီးသည် အနည်းဆုံး ၉ ယောက် ဒဏ်ရာရပါတယ်။ ဟွာရှန်းတောင် ကမ္ဘာလှည့် ခရီးသွားဌာန အထဲမှာ ဒေသစံတော်ချိန် ညနေ ၅နာရီခွဲ လောက်မှာ ခုလိုဖြစ်ခဲ့တာပါ။ အရေးပေါ်အဖွဲ့က အခင်းဖြစ်ရာနေရာကို အမြန်ရောက်လာပြီး အပျက်အစီးတွေ အောက်မှာ ပိနေတဲ့ လူတွေ ကို ကယ်ထုတ်ရင်း အနားက ဆေးရုံဆီ ပို့ခဲ့ပါတယ်။ အာဏာပိုင်တွေက အရေးပေါ်စီမံချက်ကို အမြန်အကောင်အထည်ဖော်ပြီး ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ စစ်ဆေးရေးအဖွဲ့ဖွဲ့ခဲ့ပါတယ်။ မျက်နှာကြက် ပြိုကျတဲ့ နေရာကို လောလောဆယ် ပိတ်ထားပါတယ်။
3 years Ago
Up