သမုဒ္ဒရာရေနက်ပိုင်း အဆင့်မြင့် စူးစမ်းလေ့လာမှုလုပ်ငန်းတွေ ဆောင်ရွက်မယ့် တရုတ်အဆင့်မြင့်ပညာရှင်အဖွဲ့တဖွဲ့ဟာ ဇန်နဝါရီ ၁၅ ရက်နေ့က နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းကနေ ထွက်ခွာသွားကြပါတယ်။
တရုတ်သုတေသနသိပ္ပံနဲ့ တက္ကသိုလ်ကြီးတွေက သုတေသနပညာရှင် အယောက် ၆၀ ကျော် လိုက်ပါသွားပြီး လူလိုက်ပါတဲ့ သမုဒ္ဒရာရေနက်ပိုင်း သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ကြမှာပါ။
တရုတ်နိုင်ငံရဲ့ သမုဒ္ဒရာရေနက်ပိုင်း သုတေသနလုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ် ဇွန်လက ပြည်တွင်းဖြစ် အဆင့်မြင့်နည်းပညာတွေနဲ့ စတင်ဆောင်ရွက်ခဲ့ပြီး ရေနက်မီတာ ၁ သောင်းကျော်အထိ ရောက်ရှိစူးစမ်းနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။
6 years Ago