တရုတ်အစိုးရ ထုတ်ပြန်

May 4, 2017

သဲမုန်တိုင်း အပြာရောင်သတိပေးချက် တရုတ်အစိုးရ ထုတ်ပြန်

တရုတ်အစိုးရဟာ သဲမုန်တိုင်းနဲ့ပတ်သက်တဲ့ အပြာရောင်သတိပေးချက်ကို မေ ၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ သဲမုန်တိုင်းနဲ့ပတ်သက်ရင် အခုနှစ်အတွင်း ပထမဆုံးအကြိမ်ထုတ်ပြန်တဲ့ အပြာရောင်အဆင့် သတိပေးချက်ဖြစ်ပါတယ်။ မေ ၄ ရက်နေ့ ဒေသစံတော်ချိန် မနက် ၇ နာရီကစလို့ ဘေကျင်းမြို့ ကောင်းကင်မှာ အ၀ါရောင်သဲမှုန့်တွေ လွင့်ပျံ့နေခဲ့ပါတယ်။ မြို့တော်ဘေကျင်းမှာ သဲမှုန်တွေ ပျံ့လွင့်ပြီး တစ်ချို့ဒေသတွေမှာ အားပြင်းတဲ့ သဲမုန်တိုင်းပါ တိုက်ခတ်နိုင်ကြောင်း တရုတ်အစိုးရ မိုးလေ၀သဌာနက ကြိုတင်သတိပေးခဲ့ပြီးဖြစ်ပါတယ်။ ဘေကျင်းမြို့မှာ ဒီအခြေအနေကို တစ်နေ့လုံးမြင်တွေ့ရပြီး ညနေပိုင်းမှာတော့ တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းပါတယ်။ သဲမုန်တိုင်းတွေဟာ ပုံမှန်အားဖြင့် တရုတ်ရဲ့အိမ်နီးချင်း မွန်ဂိုလီးယားနိုင်ငံနဲ့ တရုတ်အပိုင် ကုန်တွင်း မွန်ဂိုလီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေကနေ စတင်လေ့ရှိကြောင်း တရုတ်အစိုးရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစင်တာက သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago
Up