တရုတ်အစိုးရက တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်မှု စတင်

July 6, 2016

တရုတ်အစိုးရက တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်မှု စတင် (ရုပ်သံ)

တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၅ ရက်က စတင်လိုက်ပါတယ်။ လေ့ကျင့်မှုဟာ ဇူလိုင် ၁၁ ရက်နေ့မှာ ပြီးဆုံးမယ်လို့ တရားဝင် အသိပေး ကြေညာချက်က ဆိုပါတယ်။ တောင်တရုတ်ပင်လယ် ရေပိုင်နက်အရေး အငြင်းပွားမှုကို ဖိလစ်ပိုင်က နယ်သာလန်နိုင်ငံ သဟိတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တဘက်သတ် တိုင်ကြားခဲ့တာပါ။ ဒီအရေးကို တရားရုံးက  ဆုံးဖြတ်ချက်ချမယ့်နေ့ မတိုင်ခင် တရက်အလိုမှာ လေ့ကျင့်မှု ပြီးဆုံးမှာ ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်တဲ့နေရာဟာ ရှီးရှကျွန်းတွေနားက ရေပြင်မှာပါ။ ဒီဧရိယာကို တရုတ် ပင်လယ်ပိုင်း ဘေးကင်းရေး စီမံခန့်ခွဲမှုရုံးရဲ့ အင်တာနက် စာမျက်နှာမှာ ရွေးချယ်သတ်မှတ် တင်ပြထားပါတယ်။
5 years Ago
Up