တရုတ်သမ္မတနှင့်

March 19, 2017

တရုတ်သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်သမ္မတရှိကျင်းပင်နဲ့ ပေကျင်းမြို့တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး လက်ရှိထက်ပိုမိုကောင်းမွန်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် တရုတ်နိုင်ငံ လာရောက်ဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် Tillerson ဟာ သူတာဝန်စယူခဲ့အပြီး ပထမဆုံး အာရှခရီးစဉ် နောက်ဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ၀င်ရောက်ခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရတာ ဆက်ဆံရေး တိုးတက်မှုကို တွေ့မြင့်ရတဲ့အတွက် အားရကျေနပ်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်တာမျိုးပဲ ရှိရမယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောဆိုခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်နဲ့လည်း ဖုန်းမကြာခဏ ပြောဆိုဖူးပြီး နှစ်ဦးစလုံးကလည်း နှစ်နိုင်ငံဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုကိုပဲ လိုလားကြပါတယ်လို့ သမ္မတ တရုတ်သမ္မတက ဆိုပါတယ်။ လက်ရှိဆက်ဆံရေး အနေအထားကို သမ္မတဒေါ်နယ်ထရမ့် အလေးအနက် တန်ဖိုးထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Tillerson ကပြောဆိုပါတယ်။ ခေါင်းဆောင် ၂ ဦး တွေ့ဆုံမှုအတွင်း လက်ရှိတင်းမာမှုတွေဖြစ်နေတဲ့ မြောက်ကိုရီးယားဒုံးကျည်နဲ့ နျူးကလီးယားစမ်းသပ်မှုအရေး၊ တရုတ်နိုင်ငံက ခွဲထွက်ပြည်နယ်တခုအဖြစ် သဘောထားတဲ့ ထိုင်ဝမ် အရေးကိစ္စတွေကိုတော့ ထုတ်ဖော်ပြောဆိုမှုမရှိခဲ့ပါဘူး။ သမ္မတ ၂ ဦးရဲ့ ပထမဆုံးထိပ်သီးတွေ့ဆုံပွဲကိုလည်း လာမယ့်လအတွင်း အမေရိကန်ပြည်ထောင်စုမှာ လုပ်ဖို့ နှစ်ဖက်အရာရှိတွေ ဆွေးနွေးနေကြပါတယ်။ ဒီနေ့မှာပဲ မြောက်ကိုရီးယားစစ်တပ်က စွမ်းရည်မြှင့် ဒုံးကျည်အင်ဂျင်သစ်တမျိုး စမ်းသပ်အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာနက ကြေညာခဲ့ပါတယ်။
5 years Ago
Up