တရုတ်သမ္မတပါဝင်သည့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ရက်ပ်သီချင်း (ရုပ်သံ)

December 31, 2015

တရုတ်သမ္မတပါဝင်သည့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ရက်ပ်သီချင်း (ရုပ်သံ)

တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံနဲ့အ၀ှမ်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှု လှုံ့ဆော်ရက်ပ်တေးသီချင်းမှာ သမ္မတရှီကျင်းပင်ပါဝင်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် မေ ရာသတင်းမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဖော်ပြပါတယ်။ သီချင်းထဲမှာ သမ္မတကြီးကို တရုတ်နိုင်ငံရဲ့ “ဖခင်ကြီးရှီ”လို့ ရည်ညွှန်းရေးသား ထားခဲ့တာဖြစ်ပြီး သမ္မတရဲ့ သီချင်းစာသားကို နောက်ပိုင်းမှ ထည့်သွင်းခဲ့တာပါ။ ဆောက်သ်ချိုင်းနားမောနင်းပို့စ်သတင်းစာရဲ့ ဖော်ပြချက်မှာတော့ သီချင်းထဲမှာ သမ္မတရှီကျင်းပင်ပြောတဲ့ “အကျင့်ပျက်ခြစားမှုတွေအားလုံးဟာ ပြစ်ဒဏ်ပေးခံရမယ်။ လာဘ်ပေးလာဘ်ယူပြုလုပ်တဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကိုလည်း တရားစွဲသွား မယ်။ ကျနော်တို့ရဲ့ လုပ်ဆောင်မှုဟာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်ပါစေ”ဆိုတဲ့ စာသားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ တရုတ်ထိပ်သီးခေါင်းဆောင်တွေဟာ ပြည်သူတွေအနေနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးမှာ နိုးနိုး ကြားကြားရှိကြဖို့နဲ့ မိသားစုနဲ့ ကလေးတွေကို ကြပ်ကြပ်မတ် မတ်ပညာပေးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြဖို့ ပြောခဲ့တာပါ။ သီချင်းထဲမှာ “အမဲလိုက်ခွေးစစ်ဆင်ရေး” အမည်ရတဲ့ အကျင့်ပျက်ခြစားမှုတိုက် ဖျက်ရေးလှုပ်ရှားမှုဦးဆောင်အဖွဲ့ကို ချီးမွမ်းတဲ့စာသားတွေလည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ တရုတ်နိုင်ငံဟာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖြစ် နိုင်ငံပေါင်း ၅၆ နိုင်ငံမှာ ဘဏ္ဍာရေးဆိုင်ရာရှောင်တိမ်းနေသူ ၅၈ ဦးကို အရေးယူခဲ့တာပါ။ အဲဒီအဖွဲ့ကို ပြီးခဲ့တဲ့ ဇူလိုင်လမှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တရုတ်အစိုးရက ဒီဇင်ဘာလ ၁ ရက်နေ့ကစကာ အကျင့်ပျက်ခြစားမှုသံသယရှိသူ ဘယ်သူ့ကိုမဆို ပြစ်ဒဏ် ပေးသွားမယ်လို့ သတိပေးခဲ့တာပါ။
6 years Ago
Up