တရုတ်လူအခွင့်အရေး

February 2, 2018

တရုတ်လူအခွင့်အရေးရှေ့နေကို လွှတ်ပေးရန် တောင်းဆိုမှု ငြင်းပယ်ခံရ

ထိန်းသိမ်းခံထားရတဲ့ တရုတ်လူ့အခွင့်အရေးရှေ့နေကို ပြန်လွှတ်ပေးဖို့ ဂျာမနီလူ့အခွင့်အရေး အရာရှိရဲ့ တောင်းဆိုချက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့က ငြင်းပယ်လိုက်ပါတယ်။ ဂျာမနီအရာရှိတဦးအနေနဲ့ လူ့အခွင့်ရေးရှေ့နေ ယုဝမ်ရှန်ကို ထိန်းသိမ်းရာကနေ လွှတ်ပေးဖို့ တောင်းဆိုပိုင်ခွင့်မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ “တရုတ်နိုင်ငံကို ဥပဒေစိုးမိုးမှုနဲ့ အုပ်ချုပ်ေ်နတာပါ။ ဥပဒေချိုးဖောက်သူတွေ အားလုံး ဥပဒေအရ တာဝန်ခံရတာတွေရှိပါမယ်။ တရုတ်ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားတဲ့ ဘယ်ပြည်ပအစိုးရကို မဆို၊ လူတဦးတယောက်ကိုမဆို ကျမတို့က လုံးဝကန့်ကွက်ပါတယ်။ ရှင်ပြောလိုက်တဲ့ ဒီ ဂျာမနီအရာရှိဆိုရင်လည်း တရုတ်နိုင်ငံထဲက ဘယ်သူ့ကိုတော့ လွှတ်ပေးလိုက်ပါလို့ တောင်းဆိုပိုင်ခွင့်မရှိဘူး” လို့ ၀န်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ တရုတ်အစိုးရကို ပြောင်ပြောင်တင်းတင်း ဝေဖန်တဲ့ ရှေ့နေ ယုဝမ်ရှန်ကို တရုတ်ဖွဲ့စည်းပုံပါ ရပိုင်ခွင့်တွေအတိုင်း လွှတ်ပေးဖို့ ဂျာမနီလူ့အခွင့်အရေး မဟာမင်းကြီးက အစောပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။
4 years Ago
Up