တရုတ်လမ်းမပေါ်က ဟိုတိုက်ဒီတိုက် မောင်းသူမဲ့သုံးဘီးယာဉ် (ရုပ်သံ)

A d v e r t i s e m e n t With Us

May 15, 2016

တရုတ်လမ်းမပေါ်က ဟိုတိုက်ဒီတိုက် မောင်းသူမဲ့သုံးဘီးယာဉ် (ရုပ်သံ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ခရိုင်၊ ဘာအိုရှန်မြို့ လမ်းဆုံလမ်းခွတခုမှာ သုံးဘီးဆိုင်ကယ်တစီးဟာ အရှိန်မထိန်းနိုင်ပဲ တခြားယာဉ်တွေကို မွှေ့ယမ်းတိုက်မိခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ ယာဉ်မောင်းသူဟာ ရေပို့လုပ်သားတဦးဖြစ်ပြီး ယာဉ်ကိုရပ်ခဲ့ချိန်မှာ ဟဲန်းဘရိတ် နဲ့ စက်သတ်ရပ်ဖို့ မေ့ခဲ့ချိန်မှာ အလိုအလျောက်မောင်းထွက်သွားကာ မီးပွိုင့်မှာ ရပ် စောင့်နေတဲ့ ကားတစီးကို အရင်တိုက်မိခဲ့တာပါ။ အဲဒီနောက်မှာ အဆိုပါယာဉ်ဟာ လမ်းတဖက်ခြမ်းဆီဦးတည်သွားခဲ့ပြီး တပါတ် ပြန်လည်လာကာ တခြား ယာဉ်နဲ့ ဆိုင်ကယ်တွေကိုမွှေ့ယမ်းတိုက်မိခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲ မှာ တွေ့ရပါတယ်။ ဒေသတွင်းရဲအရာရှိတွေက ခုလိုမတော်တဆမှုအတွက် ယာဉ်မောင်းသူမှာ အ ပြည့်အ၀တာဝန်ရှိတယ်လို့ ပြောပါတယ်။
5 years Ago
Up