တရုတ်ရဲ

May 18, 2019

တရုတ်ရဲနှင့် မြန်မာယာဉ်မောင်းအချို့ ရုန်းရင်ဆန်ခတ်ဖြစ် (ရုပ်သံ)

မြန်မာ-တရုတ် နယ်စပ် ၀င်ထွက်ဂိတ်ပေါက်တခုဖြစ်တဲ့ မူဆယ်မြို့ ဆင်ဖြူဂိတ်မှာ မေလ ၁၇ ရက်နေ့ မနက်ပိုင်းက တရုတ်ရဲတပ်ဖွဲ့ဝင်တချို့နဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်းတချို့တို့ စကားများပြီး ရုန်းရင်ဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အခုလိုဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျရမသိရဘူးလို့ မူဆယ်မြို့မ ရဲစခန်းတာဝန်ကျ ရဲတပ်ဝင်သူတဦးက ပြောပါတယ်။ ဆင်ဖြူဂိတ်ကို ကားပိတ်ဆို့ပြီးရပ်ခဲ့တဲ့ ယာဉ်မောင်းတဦးကိုတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်ကြောပိတ်ဆို့မှုနဲ့ တရားစွဲခဲ့ပါတယ်။ တရားစွဲခံရတဲ့ ယာဉ်မောင်းကတော့ မူဆယ်တရားရုံးမှာ ဒဏ်ငွေဆောင်ပြီး နေရပ်ကို ပြန်သွားပြီ ဖြစ်ပါတယ်။ ဆင်ဖြူဂိတ်ကနေ တရုတ်နိုင်ငံဘက်ခြမ်းကို ဝင်မယ်ဆိုရင် နေ့စဉ် လူအမြဲ များပြားနေတာကြောင့် လူတဦးကို အချိန် သုံးနာရီကျော် တန်းစီစောင့်ဆိုင်းရပါတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့ ဆင်ဖြူနယ်စပ်ဂိတ်မှာ လက်ရှိအချိန်မှာတော့ ပုံမှန်အတိုင်း ဝင်ထွက်သွားလာနေပါတယ်။
3 years Ago

May 26, 2018

တရုတ်ရဲများ ဖမ်းမိသည့် လိင်အလုပ်သမ အမျိုးသားဖြစ်နေကြောင်း တွေ့ရှိ

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းခရိုင်က တိုက်ခန်းတခန်းကို ရှောင်တခင်စစ်ဆေးစဉ်အတွင်း ဖမ်းဆီးခဲ့တဲ့ လိင်အလုပ်သမဟာ အမျိုးသားဖြစ်နေတာကို  နောက်ပိုင်းမှ သိခဲ့တယ်လို့ ရဲတွေက ပြောလိုက်ပါတယ်။ လိင်လုပ်သားကို ရဲစခန်းဆီ ခေါ်သွားတဲ့ လမ်းတလျှောက်အထိ အမျိုးသားဆိုတာ မသိရှိပဲ လိင်လုပ်သားနဲ့ ပျော်ပါးခဲ့သူအမျိုးသားကလည်း မသိခဲ့ဘူးလို့ ဒေသဆိုင်ရာသတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ရဲတွေသတင်းရလို့ တိုက်ခန်းကိုရှာခဲ့တာဖြစ်ပြီး အမျိုးသား ၂ ဦးကိုတော့ ပြည့်တန်ဆာမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ သတင်းတွေအရ အမျိုးသား ၂ ဦးထဲက တဦးက အမျိုးသမီးအဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ အမျိုးသားဆိုတာ အစောပိုင်းက မသိခဲ့ဘူးလို့ ရဲတွေက ပြောပါတယ်။ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားက ဆံပင်ရှည် အနီရောင် နှုတ်ခမ်းနီဆိုးထားပြီး မျက်တောင်တုနဲ့ အမျိုးသမီး အင်္ကျီတွေ ဝတ်ထားတာလို့ ဆိုပါတယ်။ အမျိုးသားက လက်တလော လက်ထပ်ထားသူ တဦးဖြစ်ပြီး သူ့မှာ ပုံမှန်ဝင်ငွေ မရှိလို့ ငွေကြေးအတွက် ရုန်းကန်ခဲ့ရကြောင်း၊ ဒါကြောင့် ဝီချက်ဆိုတဲ့ လူမှုကွန်ရက်ပေါ်မှာ လိင်လုပ်သားအဖြစ် ကြော်ငြာခဲ့ပြီး တိုက်ခန်းတခန်းငှားကာ လိင်ပျော်ပါးမှု ဝန်ဆောင်ပေးခဲ့ကြောင်း ဆိုပါတယ်။ အသက် ၃၉ နှစ်အရွယ် အမျိုးသားကလည်း သူတို့ ၂ ဦးကို ရဲတွေ မေးမြန်းတဲ့အထိ လိင်လုပ်သားက အမျိုးသားဆိုတာ မသိခဲ့ဘူး။ အမျိုးသား ၂ ဦးလုံးကိုတော့ ဖမ်းဆီးထားတယ်လို့ ပတ္တယားဝမ်းသတင်းမှ မေလ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up