တရုတ်ရဟတ်ယာဉ်အုပ်စု ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေ့ကျင့် (ရုပ်သံ)

April 30, 2017

တရုတ်ရဟတ်ယာဉ်အုပ်စု ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေ့ကျင့် (ရုပ်သံ)


by dvburma ပင်လယ်ကူးသင်္ဘောပေါ်က တရုတ်ရဟတ်ယာဉ်အုပ်စုတစုဟာ ပင်လယ်ထဲမှာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ပစ်ခတ် စစ်ရေးလေ့ကျင့်မှုတရပ် ပြုလုပ်နေပါတယ်။ ရဟတ်ယာဉ်မှူးတွေက သင်္ဘောရဲ့ တည်ငြိမ်တဲ့ အခိုက်အတံ့လေးမှာ သင်္ဘောပေါ်ကို ဆင်းသက်နိုင်ဖို့ အခွင့်အရေးကို အရယူတာ၊ သင်္ဘောနဲ့ ခွာပြီး ပျံတာနဲ့ ရဟတ်ယာဉ် ဆင်းကွင်းပေါ်မှာ ဝဲပျံတာတွေကို နေ့ရောညပါ လေ့ကျင့်နေပါတယ်။ “ညဘက်မှာ လေ့ကျင့်ရတာ ပိုခက်တယ်။ ရဟတ်ယာဉ်မှူးတွေဟာ အမြင့်နဲ့ အရှိန်ကို မှားကောင်း မှားနိုင်တယ်။ ဒါကြောင့် မဆင်းသက်ခင် အကြိမ်ပေါင်းများစွာ ချိန်ညှိခဲ့ရတယ်။ ဒါဟာ စမ်းသပ်ချက်နဲ့ စိန်ခေါ်ချက်ပဲ” လို့ ရဟတ်ယာဉ်မှူး တယောက်က ပြောပါတယ်။ ရဟတ်ယာဉ်တွေဟာ သူတို့ပစ်မှတ်တွေကို အမြန်ရှာပြီး တိတိကျကျတိုက်ခိုက်ဖို့လည်း လေ့ကျင့်ပါတယ်။ “သင်တန်းအပြီးမှာ အတွေ့အကြုံကို ဆွေးနွေးပြီး ရေငုပ်သင်္ဘောတွေကို  တိုက်ခိုက်တဲ့ ဒါဇင်နဲ့ ချီတဲ့ နည်းလမ်းတွေကို လေ့လာခဲ့တယ်၊ ရေငုပ်သင်္ဘော တိုက်ဖျက်မှု စစ်ဆင်ရေးတွေ ပိုလုပ်ခဲ့တယ်” လို့ ရဟတ်ယာဉ်အုပ်စု အရာရှိ ကျန်းခယန်က ပြောခဲ့ပါတယ်။
4 years Ago
Up