တရုတ်မူလတန်းကျောင်းအနီး ဓားကိုင်တိုက်ခိုက်မှုကြောင့် ကလေး ၁၀ ဦး ထိခိုက်ဒဏ်ရာရ

A d v e r t i s e m e n t With Us

February 29, 2016

တရုတ်မူလတန်းကျောင်းအနီး ဓားဖြင့်တိုက်ခိုက်မှုကြောင့် ကလေး ၁၀ ဦး ထိခိုက်ဒဏ်ရာရ

တရုတ်နိုင်ငံတောင်ပိုင်းကျွန်းစု၊ ဟိုင်နန်းခရိုင်၊ ဟိုက်ကူမြို့၊ မူလတန်းကျောင်း တကျောင်းရဲ့ ၀င်ပေါက်အနီးမှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ဓားကိုင်လူတဦး ထိုးနှက်တိုက်ခိုက်မှုကြောင့် ကလေး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ ဓားနဲ့ ထိုးနှက်တိုက်ခိုက်မှုကြောင့် ယောက်ျားလေး ၆ ဦးနဲ့ မိန်းကလေး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး အဲဒီအမျိုးသားကတော့ သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ စီစီတီဗွီသတင်းက ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲက ၂ ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာဖြစ်ပြီး အသက်အန္တရာယ် ဖြစ်စေတဲ့အထိတော့ မဆိုးဝါးဘူးလို့ ဆိုပါတယ်။ ရဲတွေကတော့ ဒါဟာ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ ရက်စက်မှုအဖြစ် ဖော်ပြခဲ့ကြပြီး ဆက်လက်စုံစမ်းနေကြဆဲ ဖြစ်တယ်လို့ သတင်းအကျဉ်းချုပ် အစီရင်ခံစာတခုမှာ ဖော်ပြပါတယ်။ ခုလို တိုက်ခိုက်တဲ့ ဖြစ်ရပ်မျိုးဟာ တရုတ်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေနဲ့ နှိုင်းစာရင် ရှားပါးပေမယ့် ခုနှစ်ပိုင်းမှာတော့ ဓား၊ ပုဆိန်ကိုင်ပြီး ကလေးတွေကို ဦးတည်တိုက်ခိုက်မှုမျိုးတွေ တွေ့ရများလာတယ်လို့ သတင်းက ဆိုပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  
5 years Ago
Up