တရုတ်မိုးလေဝသဌာနက မိုးမုန်တိုင်းအတွက် အပြာရောင်အဆင့် သတိပေးချက် ထုတ်ပြန်

May 22, 2017

တရုတ်မိုးလေဝသဌာနက မိုးမုန်တိုင်းအတွက် အပြာရောင်အဆင့် သတိပေးချက် ထုတ်ပြန်

တရုတ်အမျိုးသားမိုးလေဝသဌာနက မိုးမုန်တိုင်းအတွက် အပြာရောင်အဆင့် တပ်လှန့်သတိပေးချက်ကို ဒီနေ့မနက် ၆ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ မေလ ၂၃ ရက်နေ့ထိ မိုးသည်းကြီးမည်းကြီး ဆက်လက်ရွာသွန်းမယ်လို့လည်း ဟောကိန်းထုတ်လိုက်ပါတယ်။ မိုးခေါင်မှုဒဏ်ကြောင့် တောမီးလောင်မယ့်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ တရုတ်မြောက်ပိုင်းမှာ မိုးအလျှံပယ်ရွာမယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီနေ့မနက်က မြို့တော် ဘေကျင်းမှာ မိုးသည်းခဲ့ပြီး ဒီနေ့နှောင်းပိုင်းမှာ ဘေကျင်းရဲ့ တခြားဒေသတွေဆီ မိုးပျံ့နှံ့ ရွာသွန်းမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် လတ်တလောနေ့တွေအတွင်း အပူချိန် ၃၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထက်မှာ ရှိနေရာက နေ့အချိန် အပူဆုံး အပူချိန်ဟာ ၂၁ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ သိသိသာသာ ထိုးကျသွားနိုင်တယ်လို့ ဘေကျင်း မိုးလေဝသဌာနက ဟောကိန်းထုတ်ထားပါတယ်။ ကားမောင်းသူတွေ ဘေးကင်းကင်းမောင်းနှင်ရေး ဘေကျင်း မိုးလေဝသနဲ့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။ တရုတ်နိုင်ငံမှာ မိုးလေဝသ သတိပေးစနစ်အတွက် အရောင်လေးမျိုး သတ်မှတ်ထားပြီး အဆိုးရွားဆုံးက အနီရောင်ပါ။ အဲဒီနောက် လိမ္မော်၊ အဝါနဲ့ အပြာရောင်တွေကို အစဉ်လိုက် သတ်မှတ်ထားပါတယ်။
4 years Ago
Up