တရုတ်မီးပုံးပျံလွှတ်ပွဲ

February 13, 2017

တရုတ်မီးပုံးပျံလွှတ်ပွဲတွင် ဒရုန်းလေယာဉ်ငယ် ၁၀၀၀ ပါဝင်အလှပြပြီး ဂင်းနက်စ်မှတ်တမ်းဝင် (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်းက ကွန်တုံပြည်နယ်၊ ကွမ်န်ကျိုးမြို့မှာ နှစ်စဉ်ကျင်းပတဲ့ မီးပုံပျံလွှတ်ပွဲမှာ ရောင်စုံမီးရောင်နဲ့ ဒရုန်းလေယာဉ်ငယ် ၁၀၀၀ လည်း ပါဝင်အလှပြခဲ့ပါတယ်။ ဒီဒရုန်းလေယာဉ်ငယ်လေးတွေနဲ့ “မင်္ဂလာ”၊ “မီးပုံးပျံပွဲတော်”၊ စတဲ့ တရုတ်စာလုံးတွေ၊ တရုတ်နိုင်ငံရဲ့မြေပုံ စတဲ့ပုံစံဖော် ပြသခဲ့တဲ့အတွက် ပွဲတော်လာ ပရိသတ်အပေါင်း အလွန်နှစ်သက်သဘောကျခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီပြသမှုဟာ တချိန်တည်းနဲ့ ဒရုန်းလေယာဉ်ငယ်ပါဝင်မှု အများဆုံး ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းလည်း ဝင်သွားပါတယ်။ ဒီဒရုန်းလေယာဉ်ငယ်တွေအားလုံးကို ကွမ်န်ကျိုးမြို့အခြေစိုက် သိပ္ပံနဲ့ နည်းပညာကုမ္ပဏီတခုတည်းက ထုတ်လုပ်ခဲ့တဲ့ ဒရုန်းလေယာဉ်ငယ်တွေဖြစ်ကြပြီး ကွန်ပျူတာ တခုတည်းကနေ ထိန်းချုပ်တာဖြစ်ပါတယ်။ ဒရုန်းလေယာဉ်ငယ် ၁၀၀၀ ပျံသန်းမှု၊ သရုပ်ပြမှု အားလုံးကိုလည်း ကျွမ်းကျင်သူတဦးက ကွန်ပျူတာတလုံးတည်းနဲ့ ထိန်းချုပ်ပြသခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up