တရုတ်ဘက် ထွက်ပြေး

December 3, 2016

တိုက်ပွဲကြောင့် ၁၈ ဦး သေဆုံးပြီး ၇၃ ဦး ဒဏ်ရာရ၊ ဒေသခံ ၂ သောင်းခန့် တရုတ်ဘက် ထွက်ပြေး

ရှမ်းမြောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ၁၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော် ရှိသွားပြီလို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောပါတယ်။ မနေ့ကပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အတွင်း ရှမ်းမြောက်တိုက်ပွဲများနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားရာမှာ ၀န်ကြီးက ပြောခဲ့တာဖြစ်ပြီး ဒုက္ခသည် ၂၀၀၀၀ လောက် တရုတ်ပြည်ထဲ ထွက်ပြေးခိုလှုံနေကြရပါတယ်။ “ဖြစ်ပွားတဲ့အချိန်ကစပြီး ယခု အချိန်ထိ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများ၊ ဒေသခံ ပြည်သူ့စစ်၊ စုစုပေါင်း ၁၈ ဦး သေဆုံး ကျဆုံးခဲ့ပြီဖြစ်ပြီး ဒဏ်ရာ ရသူများကတော့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ ပြည်သူများ၊ ၀န်ထမ်းများ အပါအ၀င် စုစုပေါင်း ၇၃ ဦး ရှိပါတယ်၊” ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့မှာ ဒီဇင်ဘာ ၂ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး KIA/TNLA/ MNDAA/AA အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ အင်အားအယောက် ၂၀၀ လောက်ဟာ ယူနီဖောင်းဝတ်တွေ၊ အရပ်ဝတ်တွေနဲ့ မုံးကိုးစခန်းရဲ့ မြောက်ဘက်ကနေ လက်နက်ကြီးပစ်ကူတွေယူပြီး စခန်းအနီးကို ချဉ်းကပ် တိုက်ခိုက်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေတပ်ဖွဲ့ ၄ ခုပေါင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက တပ်မတော်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up