တရုတ်ဗီဇာ

August 23, 2018

တရုတ် ရှင်ကျန်းဒေသအကြောင်း သတင်းရေးသည့် ဂျာနယ်လစ် တရုတ်ဗီဇာ ငြင်းပယ်ခံရ

တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသက တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေအကြောင်း  သတင်းရေးသားရာမှာ နာမည်ကြီးတဲ့ အမေရိကန်ဂျာနယ်လစ်တဦးကို တရုတ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်လိုက်တယ်လို့ ဂါးဒီးယန်းသတင်းမှာ ဖော်ပြထားပါတယ်။ မီဂါ ရာဂျာဂိုပါလန် ဆိုသူ သတင်းထောက်ဟာ နယူးယောက်အခြေစိုက် BuzzFeed သတင်းမီဒီယာမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ “တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ကို ဗီဇာသက်တမ်း ထပ်မတိုးပေးတာကြောင့် တခြားနယ်ပယ်တွေကို ပြောင်းရွှေ့တော့မှာ ဖြစ်တယ်လို့” သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။ အမေရိကန် ဂျာနယ်လစ်တဦးကို အခုလို ဗီဇာပေးဖို့ ငြင်းဆိုခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားသတင်းထောက်များအသင်းက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ တရုတ်အစိုးရဟာ အရင်ကလည်း တရုတ်အစိုးရ စိတ်ဆိုးဒေါသထွက်စေမယ့် သတင်းရေးသားသူတွေကို ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်တာ၊ ဗီဇာသက်တမ်း တိုးမပေးတာ၊ ဗီဇာကြန့်ကြာအောင် လုပ်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။
5 years Ago
Up