တရုတ်နဂါးအက

January 31, 2019

ရေအောက်ကမ္ဘာ ငါးတွေကြားမှာ တရုတ်နဂါးအက ဘယ်လိုကပြကြသလဲ (ရုပ်သံ)

အသင်းအဖွဲ့နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကပြတင်ဆက်ရတဲ့ တရုတ်နဂါးအကဟာ တကယ့်ကို ကပြတင်ဆက်ဖို့ ခက်ခဲသလို ရေအောက်မှာ ကပြတင်ဆက်နိုင်ဖို့ ဆိုတာကတော့ မလွယ်ကူလှတဲ့ အခြေအနေတခုပါပဲ။ ဒါပေမယ့် မလေးရှားနိုင်ငံ အဏ္ဏဝါပြတိုက်တခုက ရေငုပ်သမားတစုကတော့ ဒါကို လုပ်ပြနိုင်ခဲ့ကြပါတယ်။ ဒါဟာ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ကြိုဆိုတဲ့ အထိမ်းအမှတ် ဆန်းဆန်းပြားပြား ဖျော်ဖြေတင်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ကန်ထဲမှာ တောက်ပတဲ့ ရောင်စုံဝတ်စုံတွေနဲ့အတူ နဂါးပုံသဏ္ဌာန်နဲ့ ပုံဖော်ခဲ့ကြပြီး ငါးတွေ ကူးလူးသွားလာနေတဲ့ကြားမှာ ကပြတင်ဆက်နေခဲ့ကြတာဟာ တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ တရုတ်ရိုးရာ နဂါးအက ကပြရင် မပါအဖြစ်ပါနေကျ ဒရမ်တွေ၊ လင်းကွင်းတွေ တီးခတ်မှုကိုတော့ ကန်ရဲ့ ပြင်ပကနေ တီးခတ်ပေးခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီစွန့်စား သရုပ်ဖော်ပြသမှုမှာ ပါဝင်ခဲ့သူတွေဟာ စစ်ပြန်ဟောင်း ပြတိုက်ဝန်ထမ်းတွေဖြစ်ကြပြီး ဒီအဏ္ဏဝါပြတိုက်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ကြသူတွေ ဖြစ်ကြတယ်လို့ စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းရည်တွေကြောင့်သာ ခုလို စွန့်စားသရုပ်ဖော်အကကို ကပြနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
2 years Ago
Up