တရုတ်ဒုဝန်ကြီးချုပ်

March 30, 2019

တရုတ်ဒုဝန်ကြီးချုပ်နှင့် အမေရိကန် ထိပ်တန်းအရာရှိများ တွေ့ဆုံ

အမေရိကန်-တရုတ် အဆင့်မြင့် ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ မပြုလုပ်ခင် မတ်လ ၂၉ ရက်က အမေရိကန် ထိပ်တန်း အရာရှိတွေဟာ တရုတ် ဒုတိယ၀န်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနဲ့ ဘဏ္ဍာရေး ၀န်ကြီး စတီဗင်မြူချင်တို့ပါဝင်တဲ့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်ဒုတိယ ၀န်ကြီးချုပ် လျူဟေးတို့ ပါဝင်ကြပါတယ်။ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်ဒုဝန်ကြီးချုပ်ကို ဘေဂျင်းမြို့ နိုင်ငံတော် ဧည်ဂေ့ဟာမှာ သွားရောက်တွေ့ဆုံတာပါ။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး မြူချင်က ပြီးခဲ့တဲ့ည အလုပ်သဘော ညစာစားပွဲဟာ  အကျိုးဖြစ်ထွန်းတယ်ဆိုပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန် ဒေါ်လာ ဘီလီယံ ၂၅၀ တန်ဖိုးရှိတဲ့  တရုတ်သွင်းကုန်တွေအပေါ် သွင်းကုန်ခွန် တိုးမြှင့်စည်းကျပ်ခဲ့ပါတယ်။
3 years Ago
Up