တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း လန်ကျိုးမြို့မှာ သြဂုတ် ၂၃ ရက်က မြိုတွင်းတခု ရုတ်တရက် ပေါ်ခဲ့ပြီး လူ ၂ ဦးကို ဝါးမြိုခဲ့တာ လုံခြုံရေးကင်မရာက ဖမ်းယူရရှိခဲ့ပါတယ်။
ဒီရုပ်သံကို တရုတ်အစိုးရ ရုပ်သံ စီစီတီဗွီက ထုတ်လွှင့် ပြသခဲ့ပါတယ်။
ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီလောက်က လူသွားစင်္ကြန်လမ်းမှာ မြိုတွင်းပေါ်လာခဲ့တာဖြစ်ပြီး အနားက ဖြတ်သွားတဲ့ လူ ၂ ဦး မြိုတွင်းထဲက ရေထဲကို ကျခဲ့ကာ ဒဏ်ရာရခဲ့ကြလို့ သူတို့ကို ဆေးရုံတင်ပို့ခဲ့ရပါတယ်။
မြိုတွင်းဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ စီစီတီဗွီက အစီရင်ခံခဲ့ပါတယ်။
6 years Ago