တရုတ်တွင် ၂၄ နာရီအတွင်း တိုင်ဖွန်းမုန်တိုင်းနှစ်ခု တိုက်ခတ်မှုကြောင့် ရေဘေးသင့်

August 1, 2017

တရုတ်တွင် ၂၄ နာရီအတွင်း တိုင်ဖွန်းမုန်တိုင်းနှစ်ခု တိုက်ခတ်မှုကြောင့် ရေဘေးသင့်

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ တိုင်ဖွန်း နီဆတ်နဲ့ ဟိုင်တန်တို့ ၂၄ နာရီအတွင်း အဝင်အထွက် တိုက်ခတ်ခဲ့လို့ ရေဘေးသင့်နေပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဟိုင်တန်ကြောင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်ရဲ့ အစိတ်အပိုင်း အတော်များများမှာ မိုးကြီးခဲ့တာပါ။ ဒီနှစ်အတွက် ဆယ်ခုမြောက် တိုင်ဖွန်းမုန်တိုင်း ဟိုင်တန်ဟာ ဇူလိုင် ၃၁ ရက် မနက်ပိုင်းမှာ ဖူကျန်းပြည်နယ်ကနေ ကုန်းတွင်း ဝင်ရောက်ခဲ့တာပါ။ ၂၄ နာရီအတွင်း မိုးရေချိန် ၅၀၀ မီလီမီတာထိ ရောက်ခဲ့ပြီး မြို့နယ် ၅၆ ခုမှာ မိုးကြီးခဲ့ပါတယ်။ လျန်ကျန်းမြို့နယ်ဟာ မုန်တိုင်းကို အဆိုးရွားဆုံး ခံစားရတဲ့ နေရာတခုဖြစ်ကာ ခန်းယွမ် တရွာတည်းမှာ လူနေအိမ် တရာကျော် ရေမြုပ်ခဲ့ပြီး လမ်းတွေက ချောင်းတွေလို ဖြစ်ကုန်ပါတယ်။ ရွာသားတွေက ရှင်းလင်းရေးလုပ်ငန်းတွေ စလုပ်နေပါတယ်။ အနားက ရှားဂုံး ကမ်းရိုးတန်းမြို့မှာ လေပြင်းကြောင့် ငါးဖမ်းလှေ ၃၆ စီး ပျက်စီးခဲ့သလို ကယ်ဆယ်ရေး လုပ်သားတွေလည်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေကြပါတယ်။
4 years Ago
Up