တရုတ်တွင် မြေပြိုပြီး နေအိမ် ၂ လုံး ကားလမ်းမပေါ် ပြိုကျ (ရုပ်သံ)

December 11, 2015

တရုတ်တွင် မြေပြိုပြီး နေအိမ် ၂ လုံး ကားလမ်းမပေါ် ပြိုကျ (ရုပ်သံ)

တရုတ်နိုင်ငံ ဂန်စု ခရိုင် ကောင်ဂျန် စီရင်စုမှာ ရှိတဲ့ အိမ် ၂ အိမ်ဟာ မြေပြိုတဲ့အတွက် ကားလမ်းမပေါ် ပြိုကျသွားပါတယ်။ ဒီဇင်ဘာ ၈ ရက်က ပြိုကျခဲ့တာဖြစ်ပြီး အနီးနား ကားအသွားလာများနေတဲ့ လမ်းပေါ်ပြိုကျခဲ့တာဖြစ်ပါတယ်။ လူအများစုက အိမ်အနီးမှာရှိနေတဲ့ ကားသမားတွေ ကားမောင်းနှင်တာကို ရပ်တန့်ဖို့ လက်တွေဝှေ့ယမ်း အော်ဟစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို စောင့်ကြည့်ရေး ကင်မရာတွေက မှတ်တမ်းတင်ထားပြီး တရုတ် စီစီတီဗွီ သတင်းက ပြန်ဖော်ပြခဲ့ပါတယ်။
6 years Ago
Up