တရုတ်တွင် လောင်စာဓာတ်ငွေ့ရည်လှောင်ကန် ပေါက်ကွဲမှုဖြစ်၊ အနည်းဆုံး လူ ၁ ဦး သေဆုံး

June 5, 2017

တရုတ်တွင် လောင်စာဓာတ်ငွေ့ရည်လှောင်ကန် ပေါက်ကွဲမှုဖြစ်၊ အနည်းဆုံး လူ ၁ ဦး သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံးပြည်နယ်မှာ ဒီနေ့မနက်က ရေနံဓာတုကုမ္ပဏီ ပေါက်ကွဲမှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁ ဦးသေဆုံး၊ တခြားလူ ၆ ဦး ဒဏ်ရာရပြီး ၇ ဦး ပျောက်ဆုံးနေပါတယ်။ မနက် ၁ နာရီအချိန်လောက်မှာ လောင်စာဓာတ်ငွေ့ရည်လှောင်ကန် ပေါက်ကွဲခဲ့ပြီး လင်းယီကျင်းယု ရေနံဓာတုကုမ္ပဏီရဲ့ လောင်စာရည် အတင်အချလုပ်နေတဲ့ ပတ်ဝန်းကျင်ကို မီးကူးစက် လောင်ကျွမ်းခဲ့တာပါ။ ဒီကုမ္ပဏီဟာ လင်းအန်း စီးပွားရေး ဖွံ့ဖြိုးရေးဇုန်ထဲမှာ ရှိပါတယ်။ ကယ်ဆယ်ရေးသမားတွေက အလုပ်သမားတွေကို ဘေးကင်းရာ သယ်ထုတ်ခဲ့ပြီး အဆိပ်သင့် ပေါက်ကွဲနိုင်တဲ့ ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ စက်ရုံကို ဆက်ပြီး စောင့်ကြည့်နေပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
4 years Ago
Up