တရုတ်တွင် မေဒေးနေ့အားလပ်ရက် ခရီးထွက်သူများ လေဆိပ်တွင် သောင်တင်

A d v e r t i s e m e n t With Us

May 2, 2016

တရုတ်တွင် မေဒေးနေ့အားလပ်ရက် ခရီးထွက်သူများ လေဆိပ်တွင် သောင်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးခရိုင်ထဲမှာ မေဒေးနေ့ အားလပ်ရက် ခရီးထွက်သူတွေဟာ မြူထူတဲ့ အခြေအနေနဲ့ ကြုံရပြီး လေဆိပ်မှာ သောင်တင်ခဲ့ကြပါတယ်။ မီးခိုးမြူတွေဆိုင်းပြီး ကီလိုမီတာ ၂၀၀ လောက်အထိပဲ အဝေးဆုံး မြင်ရတာကြောင့် ချန်ဒူးမြို့ လေဆိပ်ကို ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက် ၄ နာရီ ၂၅ ကစလို့ ယာယီပိတ်ခဲ့ရပါတယ်။ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်း ချန်ဒူးမြို့နဲ့ အ၀င်အထွက် လေယာဉ်ခရီးစဉ် အားလုံးကို ဖျက်သိမ်းခဲ့ရတယ်လို့ လေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။ မနက် ၉ နာရီ ၂၀ လောက် မြူတွေစဲသွားတဲ့အချိန်ကျမှ လေကြောင်းခရီးစဉ်တွေကို ပြန်စနိုင်ခဲ့ပါတယ်။ တရုတ်ပြည်မှာ ဧပြီ ၃၀ ရက်နေ့ဟာ ၃ ရက်တာ မေဒေးအားလပ်ရက်ရဲ့ ပထမဆုံးနေ့ ဖြစ်ပါတယ်။ ချန်ဒူးလေဆိပ်ကနေ ဧပြီ ၃၀ ရက်နေ့ကနေ မေ ၂ ရက်နေ့ထိ ခရီးသည် ၁ သိန်း ၈ သောင်း ၆ ထောင်လောက် အ၀င်အထွက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်။
5 years Ago
Up