တရုတ်တွင် မောင်းသူမဲ့ ရေငုပ်သင်္ဘောအသစ် စမ်းသပ်မောင်းနှင် (ရုပ်သံ)

May 29, 2017

တရုတ်တွင် မောင်းသူမဲ့ ရေငုပ်သင်္ဘောအသစ် စမ်းသပ်မောင်းနှင် (ရုပ်သံ)

တရုတ်အစိုးရရဲ့ မောင်းသူပါတဲ့ ရေငုပ်သင်္ဘောအသစ်ကို နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ် ဝူရှီမြို့က အထူးရေကန်ထဲမှာ မေ ၂၈ ရက်က စမ်းသပ်မောင်းနှင်ပါတယ်။ ဒီရေငုပ်သင်္ဘောဟာ ရေအောက် အနက် မီတာ ၄၅၀၀ အထိ ငုပ်နိုင်စွမ်းရှိပြီး ကျောင်းလုံ ရေငုပ်သင်္ဘော ပြီးရင် တရုတ်နိုင်ငံရဲ့ ဒုတိယမြောက်ပါ။ ဒီသင်္ဘောမှာ ပါသမျှ အဓိက အစိတ်အပိုင်း အားလုံးကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ထားပြီး တချို့ အစိတ်အပိုင်းတွေကိုတော့ နိုင်ငံခြားမှာ ထုတ်လုပ်တယ်လို့ စီစီတီဗီ သတင်းဌာနက အစီရင်ခံပါတယ်။ စမ်းသပ်မှု အစိတ်အပိုင်းတခုအတွင်း ရေယာဉ်မှူးတွေဟာ ရေအောက် အမှတ်အသား ၄ ခုကို စက်လက်တံတွေနဲ့ ချထားမယ့် စမ်းသပ်မှုကို ဆောင်ရွက်မှာပါ။ စမ်းသပ်ချိန် ၆နာရီ ကြာမှာ ဖြစ်ပြီး ပင်လယ်ထဲမှာ တကယ့်စစ်ဆင်ရေး လုပ်ဖို့လည်း လိုတယ်။ တကယ့် ပင်လယ်ရေအောက် စစ်ဆင်ရေးပုံစံတူအတွင်း ပစ္စည်းတွေကို စမ်းသပ်မယ်လို့ ဒု ဒီဇိုင်နာချုပ် ယဲ့စုံးက ပြောခဲ့ပါတယ်။
4 years Ago
Up