တရုတ်တွင် ခေတ်စားလာသည့် ခွေးရေကူးကန်

A d v e r t i s e m e n t With Us

August 19, 2016

တရုတ်တွင် ခေတ်စားလာသည့် ခွေးရေကူးကန် (သတင်းဓာတ်ပုံ)

တရုတ်နိုင်ငံ ချန်ဒူးမှာ ခွေးရေကူးကန်တွေဟာ ဒီနှစ်နွေရာသီမှာ အရမ်းခေတ်စား လူသိများလာပါတယ်။ ခွေးတွေ ရေကူးမယ်ဆိုရင်တော့ ကြိုတင်အကြောင်းကြားပြီး ရက်ယူရတယ်လို့ တရုတ် စီအန်အန်သတင်းက ရေးပါတယ်။ ရေမကူးတတ်တဲ့ ခွေးတွေအတွေက် ရေပေါ်မှာ ပေါလောမျောပေါ်နိုင်တဲ့ ဘုတ်ပြားတွေ၊ အင်္ကျီတွေ၊ ဘောတွေကို ရေကူးကန်က ပံ့ပိုးပေးထားပါတယ်။ ရေကိုလည်း သတ်မှတ် ပီအိတ်ခ်ျ အဆင့်ကို ထားရှိထားသလို ခွေးအကောင် ၃၀ လောက် ကူးနိုင်တယ်လို့ ဆိုပါတယ်။ ရေကူးကန်ပိုင်ရှင်က သူ့ရဲ့ခွေးကလေး ရေကူးဖို့အတွက် လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဈေးကွက်ရှိတယ်ဆိုတာကို သတိထားမိပြီး ချဲ့ထွင်ခဲ့တာ ဖြစ်ပါတယ်။ ရေကူးကန်အတွင်း မဆင်းမီ ခွေးတွေက ရောဂါမရှိကြောင်း စစ်ဆေးပြီးမှ ရေကူးကန်အတွင်း ဆင်းခွင့်ရမှာ ဖြစ်ပါတယ်။ အမွေးထူထူ အကောင်ကြီးကြီးဆိုရင်တော့ ရေကူးခ ပိုမိုပေးရတယ်လို့လည်း ဆိုပါတယ်။ သတင်းဓာတ်ပုံ - စီစီတီဗွီ  
5 years Ago
Up