တရုတ်တွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲ၊ လူ ၃ ဦး သေဆုံး

A d v e r t i s e m e n t With Us

November 1, 2016

တရုတ်တွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲ၊ လူ ၃ ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ချုံကင်းပြည်နယ်မှာ အောက်တိုဘာ ၃၁ ရက် ည ၁၁ နာရီခွဲလောက်က ပုဂ္ဂလိကပိုင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပြီး လူ ၃ ဦး သေဆုံးသွားပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ လူ ၃၅ ဦးလောက် တွင်းထဲမှာ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ရာနဲ့ချီတဲ့ မီးသတ်သမားတွေ၊ ရဲအဖွဲ့တွေ၊ ကျောက်မီးသွေးတွင်း လုပ်သားတွေက ကယ်ဆယ်ရေးမှာ ပါဝင်ကူညီနေကြပါတယ်။ ပျောက်ဆုံးနေတဲ့ လုပ်သားတွေကို ဆက်လက် ရှာဖွေနေပြီး နယ်မြေထဲမှာရှိတဲ့ ကျောက်မီးသွေးတွင်းတွေ အားလုံးကိုလည်း ရပ်ဆိုင်းထားဖို့ သက်ဆိုင်ရာက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
4 years Ago
Up