တရုတ်နိုင်ငံရဲ့ စက်မှုမြို့လည်းဖြစ်၊ ပင်လယ်ဆိပ်ကမ်းမြို့လည်းဖြစ်တဲ့ ၀မ်ဂျုန်မြို့မှာ အောက်တိုဘာ ၁၀ ရက် အစောပိုင်းက အဆောက်အဦ ၄ လုံး ပြိုကျပြီး သေဆုံးသူ ၂၂ ဦး ရှိလာပါတယ်။
အဆောက်အဦတွေဟာ ၁၉၇၀ နှစ်တွေက ရွာသားတွေကိုယ်တိုင် ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦတွေဖြစ်ပြီး အတော်ကို ဟောင်းနွမ်းနေပြီလို့ သတင်းတွေက ဆိုပါတယ်။
သေဆုံးသူအများစုဟာ ဈေးပေါပေါ အခန်းတွေကို ငှားနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလို့ ဆိုပါတယ်။
ဈေးပေါပေါအခန်းတွေကို ငှားနေကြလို့ အခုတော့ သေဆုံးကြရပြီလို့ မျက်မြင်တဦးက ပြောပါတယ်။
လူ ၆ ဦးကတော့ အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ကြပါတယ်။
အဲ့ဒီထဲမှာ တယောက်ကတော့ မိန်းကလေးငယ်လေးဖြစ်ပြီး မိဘတွေက သူတို့ခန္ဓာကိုယ်နဲ့ အသက်ပေး ကာကွယ်သွားကြတယ်လို့လည်း သတင်းက ဆိုပါတယ်။
4 years Ago