တရုတ်တွင် အိမ်ခြံမြေ၀ယ်ယူမှု စည်းမျဉ်းများ တင်းကျပ်

A d v e r t i s e m e n t With Us

October 5, 2016

တရုတ်တွင် အိမ်ခြံမြေ၀ယ်ယူမှု စည်းမျဉ်းများ တင်းကျပ်

တရုတ်နိုင်ငံရဲ့ မြို့တွေမှာ အိမ်ခြံမြေဝယ်ယူမှု စည်းမျဉ်းတွေကို လတ်တလောမှာ တင်းကျပ်ထားပါတယ်။ ဈေးကစားတဲ့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုကို ထိန်းချုပ်ရေး ကြိုးစားမှုကြောင့် ရေတိုမှာ အင်မတန် သွက်လာတဲ့ အိမ်ခြံမြေဈေးကွက်ကို အေးသွားစေနိုင်တယ်လို့ အတွင်းလူတွေက ပြောပါတယ်။ ဒုတိယနဲ့ တတိယတန်း တရုတ်မြို့ စုစုပေါင်း ၁၁ မြို့မှာ အိမ်ဝယ်မှုအတွက် ပိုတင်းကျပ်တဲ့ စည်းမျဉ်းတွေကို ကြေညာခဲ့တာပါ။ ဘေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနဲ့ ရှင်းကျန်းတို့လို ပထမတန်းစား မြို့လေးမြို့ကိုတော့ ချွင်းချက်ထားခဲ့ပါတယ်။ အိမ်ခြံမြေဝယ်ယူမှု ကန့်သတ်ချက်တွေထဲမှာ လက်ငင်းပေးချေရမယ့် အနည်းဆုံး ငွေပမာဏကို တိုးမြှင့်တာ၊ မိသားစုတစုက ဝယ်ဖို့ ခွင့်ပြုတဲ့ လူနေအိမ်အရေအတွက်ကို ကန့်သတ်တာနဲ့ မိသားစုတစုအတွက် အာမခံရတဲ့ ချေးငွေပမာဏကို ကန့်သတ်တာ၊ စောင့်ကြည့်ရေး လုပ်ဆောင်ချက်တွေကို တင်းကျပ်တာတွေ ပါဝင်ပါတယ်။ အိမ်ခြံမြေဈေးတက်နှုန်း နှေးစေဖို့နဲ့ အိမ်ခြံမြေဈေးကွက် ပေါက်ကွဲမှုကို တားဆီးဖို့ လုပ်တာလို့ တရုတ် အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌဟောင်း ကျူးကျုံးရီက ပြောပါတယ်။ ချိန်သားကိုက်မူဝါဒ ထုတ်ပြန်မှုဟာ ဈေးကွက်တည်ငြိမ်ရေး အကူအညီရမှာဖြစ်ပြီး ဈေးကွက်ကို ထိန်းချုပ်ထားနိုင်တုန်းပဲလို့ တရုတ်လူမှုရေးသိပ္ပံတက္ကသိုလ် သုတေသနပညာရှင် နီပန်းဖှေးက ပြောခဲ့ပါတယ်။
4 years Ago
Up