တရုတ်တွင် အရှိန်လွန်ကား ဘဏ်တခုအတွင်း ဖောက်ဝင် (ရုပ်သံ)

A d v e r t i s e m e n t With Us

April 2, 2016

တရုတ်တွင် အရှိန်လွန်ကား ဘဏ်တခုအတွင်း ဖောက်ဝင် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ချောင်ကျင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လမ်းမပေါ်မှာ ကားတစီးဟာ အရှိန်မထိန်းနိုင်ပဲ ဘဏ်တခုရဲ့ တံခါးကိုဖြတ်ပြီး ဖောက်ဝင်သွားခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဧပြီလ ၁ ရက်နေ့က ဖော်ပြပါတယ်။ ကားဒရိုင်ဘာဟာ အရက်အလွန်အကျွံသောက်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ ညပိုင်းက အရှိန်ပြင်းမောင်းနှင်လာချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။ ကားဟာ လမ်းဘေးက လူသွားစင်္ကြံန်ကို ဖြတ်ကျော်ကာ ဘဏ်တံခါးကို အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်ခဲ့တာကို ဘဏ်ရဲ့အတွင်းနဲ့ အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာတွေမှတဆင့် ဖမ်းယူရရှိခဲ့တာပါ။ ဒေသတွင်း တာဝန်ကျရဲ့ အရာရှိတဦးရဲ့အဆိုအရ အဲဒီအမျိုးသားဟာ တိုက်မိခဲ့ပြီးချိန်မှာ အရက်ဆက်သောက်ပြီး အိမ်ကို ချောချောမောမောမောင်းနှင်သွားခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ခုလိုယာဉ်ကို အရက်မူးနေချိန်မောင်းနှင်ခဲ့တဲ့အတွက် သူဟာ လွတ် မြောက်မှာမဟုတ်ပဲ ၁ လကနေ ၆ လအထိ အချုပ်ကျခံရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up