တရုတ်တွင် အရှိန်မထိန်းနိုင်သည့် ပစ်ကပ်ကားက အခြားကား ၃ စီးနှင့် ဆိုင်ကယ်များအား ဝင်တိုက်

February 10, 2017

တရုတ်တွင် အရှိန်မထိန်းနိုင်သည့် ပစ်ကပ်ကားက အခြားကား ၃ စီးနှင့် ဆိုင်ကယ်များအား ဝင်တိုက် (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း ဖူကျန်းခရိုင် လောင်ယန်းမြို့မှာ ဖေဖော်ဝါရီ ၅ ရက်က ပစ်ကပ်ကားတစီး အရှိန်မထိန်းနိုင်ဘဲ တခြားကား ၃ စီးနဲ့ ဆိုင်ကယ် ၃ စီးတို့ကို ဆက်တိုက်ဝင်တိုက်ခဲ့တာကြောင့် လူ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထောက်လှမ်းရေးကင်မရာက မှတ်တမ်းတင်ရိုက်ကူးထားတာကို တရုတ်အစိုးရ ရုပ်သံဌာန စီစီတီဗွီက ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ပစ်ကပ်ကားမောင်းသမားက လမ်းမပေါ်မောင်းနိုင်ဖို့အတွက် လုံခြုံမှုရှိမရှိ သူ့ရဲ့ကားကို မစစ်ဆေးတာ တစ်နှစ်တိတိ ကြာခဲ့ပြီဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့ကို ကိုးကားပြီး စီစီတီဗွီက သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago
Up