တရုတ်နိုင်ငံ ယန်ဇူးမှာ အမျိုးသားတဦးဟာ ၁၁ ထပ်တိုက်ကနေ ခုန်ချပြီး သေကြောင်းကြံပေမယ့် တစုံတရာ ထိခိုက်နာကျင်မှုမရှိပါဘူး။
ဖုန်းကနေတဆင့် ရိုက်ကူးထားတဲ့ ရုပ်သံမှာတော့ အမျိုးသားက အဆောက်အဦအစွန်းမှာ ရပ်နေပြီး မိသားစုဝင်တွေနဲ့ ရဲတပ်ဖွဲ့တွေက မခုန်ချဖို့ ၂ နာရီနီးပါး ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အမျိုးသားက နားမထောင်ဘဲ ခုန်ချလိုက်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ မီးသတ်က ချထားတဲ့ လေဘောလုံး ကူရှင်ပေါ်ကို ကျသွားပြီး ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ မေ ၆ ရက်နေ့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
5 years Ago