တရုတ်တွင် အမျိုးသမီးတဦး တံတားပေါ်က ခုန်ချသေကြောင်းကြံ (ရုပ်သံ)

August 21, 2016

တရုတ်တွင် အမျိုးသမီးတဦး တံတားပေါ်က ခုန်ချသေကြောင်းကြံ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ခရိုင် လီရှန်မြို့မှာ တံတားပေါ်ကနေ ခုန်ချပြီး အမျိုးသမီးတဦးက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပါတယ်။ သြဂုတ် ၂၀ ရက်နေ့က ယူကျု့မှာတင်ထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ  အမျိုးသမီးခုန်ချသွားတဲ့နောက်ကို ရဲတပ်ဖွဲ့ဝင်တဦးကလည်း လိုက်ပါခုန်ချပြီး ကယ်ဆယ်ဖို့ ကြိုးစားပါတယ်။ တံတားပေါ်ကနေ လူအမြောက်အမြားစောင့်ကြည့်နေပြီး ဘောတွေ ပစ်ချပေးကာ အမျိုးသမီးကို ကူညီ ကယ်တင်ဖို့ ကြိုးစားပါတယ်။ သိပ်မကြာခင်မှာပဲ အမျိုးသမီးရဲ့ ခင်ပွန်းကလည်း ရေထဲကို လိုက်လံခုန်ဆင်းကာ အမျိုးသမီးကို ကယ်တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အမျိုးသမီးကို ကယ်ဆယ်ခဲ့နိုင်တယ်လို့လည်း ဆိုပါတယ်။
5 years Ago
Up