တရုတ်တွင် အမှိုက်ကန်ထဲ ပြုတ်ကျ၍ အလုပ်သမား ၁ ဦး နစ်မြုပ် သေဆုံး (ရုပ်သံ)

September 24, 2017

တရုတ်တွင် အမှိုက်ကန်ထဲ ပြုတ်ကျ၍ အလုပ်သမား ၁ ဦး နစ်မြုပ် သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံမှာ အမှိုက်ကန်ထဲ အလုပ်သမားတဦး ပြုတ်ကျသွားပြီး အမှိုက်တွေအောက် နစ်မြှုပ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ရုပ်သံထဲမှာ အမှိုက်တင်လော်ရီကားကြီးပေါ်ကနေ အလုပ်သမား မတော်တဆ ပြုတ်ကျတာကို မြင်ရပြီး မီးသတ်သမားတွေက သူတို့ရဲ့လက်တွေနဲ့ အမှိုက်တွေကို ဖယ်ရှားကာ အမျိုးသားကို အကြီးအကျယ် ရှာဖွေခဲ့ရပေမယ့် အမျိုးသား သေဆုံးနေတာကို တွေ့မြင်ရပါတယ်။ ပီးပဲလ်ဒေးလီးအင်ချိုင်းနားက ဖော်ပြထားတဲ့ သတင်းမှာ အလုပ်သမားက အမှိုက်ကန်ထဲ ပြုတ်ကျသွားပြီးနောက် အမှိုက်ကားက အမှိုက်တွေ သွန်ချချိန်မှာ သူ့ကို အသက်ရှင်လျက် အမှိုက်တွေနဲ့ ဖိ့ပြီး နစ်မြှုပ်သလိုဖြစ်သွားတယ်လို့ ရေးထားပါတယ်။ “မီးသတ်သမားတွေလည်း အမှိုက်ကန်ထဲ နစ်သွားတဲ့ အလုပ်သမားကို တွေ့ဖို့ အမှိုက်တွေထဲ သူတို့ရဲ့ လက်တွေနဲ့ သုံးပြီး ရှာခဲ့ကြပါတယ်။ အဲ့ဒီနောက် အလုပ်သမားကို ကယ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ဘူဒိုဇာတွေ သုံးပြီး ရှာခဲ့ပါတယ်။ ရှာဖွေချိန် ၂ နာရီ ကြာခဲ့ပြီး အလုပ်သမားကို တွေ့ခဲ့ပေမယ့် နောက်ဆုံးမှာ အလုပ်သမားက သေဆုံးနေတယ်” လို့ မေရာသတင်းမှာ စက်တင်ဘာ ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up