အဆိပ်သင့် ဓာတုပစ္စည်းတွေတင်လာတဲ့ ကုန်ကားတစီးဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂံစုပြည်နယ် ထျန်းရွှေမြို့နဲ့ ကီလိုမီတာ ၂၀ အကွာအဝေး ပြေးလမ်းပေါ်မှာ နောက်ကားက ဝင်တိုက်တာခံရအပြီး ပေါက်ကွဲခဲ့ပါတယ်။
ဧပြီ ၂၁ ရက်နေ့ ညနေက ဒီဖြစ်ရပ်ကြောင့် လူတယောက် သေဆုံးပြီး တခြား ၂ ယောက် ဒဏ်ရာရ ပါတယ်။
တခြားကုန်ကားတစီးက ယာဉ်ကြောတခုတည်းက အတူတူ မောင်းလာရင်း နောက်ကနေ ဝင်တိုက်ခဲ့လို့ မီးအကြီးအကျယ် လောင်ခဲ့တာပါ။
ညနေ ၃ နာရီခွဲလောက်က စတင် မီးလောင် ပေါက်ကွဲခဲ့ရာက ည ၈ နာရီ မိနစ် ၂၀ မှာမှ မီးကို ငြှိမ်းသတ် နိုင်ခဲ့ပါတယ်။
ကုန်ကားပေါ်ပါလာတဲ့ ဖော့စ်ဖရပ်စ် ပန်တာဆာလ်ဖိုဒ် ၄၁ တန်ဟာ မီးလောင်အပြီး ဖော့စ်ဖိုရစ် အက်ဆစ်နဲ့ ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ် အဆိပ်ဓာတ်ငွေ့အဖြစ် ပြိုကွဲသွားခဲ့တာပါ။
ဒါကြောင့် မီးလောင်ပြင်နားက မြို့ပေါ်မှာ အဖြူရောင် မီးခိုး မြူထူတွေ ရစ်သိုင်း နေခဲ့ပါတယ်။
ဧပြီ ၂၂ ရက် မနက်ဆယ်နာရီခွဲမှာမှ မြို့တွင်းလေထု အရည်အသွေးဟာ ပုံမှန်အဆင့်ကို ပြန်ရောက်သွားတယ်လို့ မြို့ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်း စစ်ဆေး နေဆဲပါ။
3 years Ago